Blog Title

Wednesday, February 12, 2014

ထမံသီစီမံကိန်းအတွက် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ နစ်နာကြေးတောင်းဆို

ထမံသီစီမံကိန်းအတွက် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ နစ်နာကြေးတောင်းဆို

ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီ ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်း အတွက် ပြောင်းရွှေ့ပေးခဲ့ရ
သည့် ကျေးရွာများမှ ရွာသူရွာသားများက ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများအတွက် နစ်နာကြေး ငွေ
ရယူလိုကြောင်း ယခုလ ၂၃ ရက်နေ့ က ပြောသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရသည် မြန်မာပြည် အနောက်မြောက်ဘက် ချင်းတွင်းမြစ်ပေါ်တွင်
ထမံသီရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ၂၀၀၄ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုး
ခဲ့ကြပြီး ၂၀၀၇ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်မှ လေဝေယံနှင့်
တဇုံးကျေးရွာ နှစ်ခုမှ မိသားစု ၃၀၀ ကျော်သည် မိမိတို့ရွာဟောင်းနှင့် မိုင် ၄၀ ကွာဝေးသော နေရာ
သို့ အဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရသည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ
ဒေါ်ဘွိုင် နူးက ပြောသည်။
"ရွာသားတွေရဲ့ လယ်ယာမြေတွေဟာ မြေတူးစက်နဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့
လယ်ယာမြေတွေနဲ့ အိမ်တွေပြောင်းရွှေ့ပေးရတဲ့အတွက် ရွာသားအများစုက တစ်အိမ်ကို
ကျပ် ၅,၀၀၀ စီပဲ ရရှိခဲ့ကြပါတယ်" ဟု ၎င်းက ပြောသည်။
ဒေသခံများအနေဖြင့် ၎င်းတို့ကျေးရွာများတွင် တရားဝင်ပြန်လည်နေထိုင်ခွင့် ရရှိရန်နှင့် ဖျက်ဆီးခံခဲ့
ရသည့် စိုက်ပျိုးမြေဧကပေါင်း ၁,၄၀၀ ကျော်အတွက် နစ်နာကြေးငွေများကို အမှတ်(၁) လျှပ်စစ်
ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ အစိုးရထံသို့ တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
"စစ်အစိုးရလက်ထက်က ရေကာတာလုပ်မယ်ဆိုပြီး ရွာကိုပြောတယ်။ ရွာပြောင်းပေးရမယ်ပေါ့။
ကျွန်တော်တို့က ရွာရွှေ့ပေးမယ်၊ ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲဆိုတော့ လာပြောတဲ့လူက
အဲဒါတော့ သူမပြောနိုင်ဘူးလို့ ပြောတယ်" ဟု တဇုံးကျေးရွာမှ ဦးလူလွန့်က ပြောသည်။
အဆိုပါ ကျေးရွာများတွင် ချင်းနှင့် ရှမ်းလူမျိုးများ နေထိုင်ကြပြီး အများစုမှာ ဗမာစကား မပြော
တတ်ကြပေ။ အဓိက အားဖြင့် ရာသီပေါ်သီးနှံ၊ လက်ဖက်၊ တညင်းစသည်တို့ကို စိုက်ပျိုးကြပြီး
ဝါးနှင့် ငှက်ပျောတို့ကိုလည်း စိုက်ပျိုး ကြကြောင်း သိရသည်။
"တာဝန်ရှိသူတွေက အိမ်မပြောင်းခင်မှာ မပူနဲ့၊ အိမ်က ဆောက်လိုက်တာနဲ့ ပြီးပြီ။ အရင်သာ
ပြောင်းပေးကြလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောင်းပေး ပြီးတော့ ဘာမှမလုပ်ပေးခဲ့ဘူး"
ဟု လေဝေယံကျေးရွာမှ ဦးအောင်ထိန်လင်းက ပြောသည်။
ဒေသခံများအား ပြောင်းရွှေ့ပေးခဲ့သည့်နေရာရှိ မြေဆီလွှာမှာ အချဉ်ဓာတ်ပေါက်နေသော
ကျောက်မြေအမျိုးအစားဖြစ်သဖြင့် သီးနှံစိုက်ပျိုး၍မရကြောင်း ၎င်းက ပြောသည်။
"စိုက်ခင်းတွေ မအောင်မြင်ဘူး။ အမျိုးသမီးတွေက ပိုက်ဆံပိုရှိတဲ့ အိမ်တွေမှာ ထင်းပေါက်တာ၊
သန့်ရှင်းရေးနဲ့ အ၀တ်လျှော်တာတွေ လုပ်ရပြီးတော့ အမျိုးသားတွေကတော့ သစ်နဲ့ ပတ်သက်တာ
တွေလုပ်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင်မပြေဘူး" ဟု ဦးအောင်ထိန်လင်းက ပြောသည်။
ထမံသီ ရေကာတာအား တည်ဆောက်ခြင်းအားဖြင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်စေမည်
ဖြစ်သည့်အပြင် လျှပ်စစ်စွမ်းအား ၁၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် ထမံသီရေအားလျှပ်စစ်
စီမံကိန်းကြောင့် ဧရိယာအတော်များများ ရေလွှမ်းမိုးမှုအောက် ရောက်ရှိမည် ဖြစ်ကာ လူဦးရေ
၄၅,၀၀၀ ၏ အသက်မွေးမှုလုပ်ငန်းများ ထိခိုက်စေမည်ဖြစ် ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ
လူ့အခွင့်အရေးအစည်းအရုံးက ပြောသည်။
သို့သော် အဆိုပါရေအားလျှပ်စစ် စီမံကိန်းအား အိန္ဒိယအစိုးရက ရပ်ဆိုင်းကြောင်း ယခုနှစ်ဇွန်လ
တွင် ကြေညာခဲ့ပြီးဖြစ်သည်။
ထမံသီရေအားလျှပ်စစ် စီမံကိန်းအတွက် ဖြစ်နိုင်ခြေများကို ဆန်းစစ်လေ့လာသော ကာလ
(Feasiblity Study) တွင် ရေမြုပ်ဧရိယာများပြား ကြောင်း သိရသည့်အတွက် မြန်မာနိုင်ငံဘက်က
စီမံကိန်းကို ရပ်တန့်စေခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယခုလ ၂၃ ရက်
နေ့က ပြုလုပ်သည့် Myanmar Power Summit ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ထည့်သွင်းပြောကြား
ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေကို ဆိုးရွားစွာထိခိုက်စေမယ့်
ကိစ္စတွေကို ချက်ချင်းရပ်ဆိုင်းပစ်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

No comments: