Blog Title

Thursday, October 28, 2010

Christmas2010



2010 Kum a Malaysia Kuki chate Pakai pen kipa pina lemna ding Program
 Download Here (Vangei pe diuvin ) Esther Sitlhou


Chamna lengpa (Esther Sitlhou )


Sunday, October 17, 2010

IT News

နိုင်ငံ၏​ကွန်ပျူတာ​စနစ်အား တိုက်ခိုက်သည့် ဗိုင်းရပ်စ်​များကို တုန့်ပြန်​နိုင်ဟု အီရန် ထောက်လှမ်းရေး​ပြောကြား

( 0 Votes )
အီ ​ရန်​ထောက်​လှမ်း​ရေး​ဌာ​န​​ ​အ​ကြီး​အ​ကဲ​က​ ​မိ​မိ​တို့​အ​နေ​နှင့်​​ ​အီ​ရန်​ကွန်​ပျူ​တာ​ ​စ​နစ်​အား

တိုက်​ခိုက်​လာ​သည့်​​ ​အ​ဖျက်​ဗိုင်း​ရပ်စ်​များ​ကို​​ ​တုန့်​ပြန်​နိုင်​စွမ်း​​ ​အ​ပြည့်​အ​ဝ​ရှိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။ ​တ​ဟီ​ရန်​ ​အ​ခြေ​စိုက်​ ​အ​စိုး​ရ​၏​ ​နျူ​က​လီး​ယား​ ​လုပ်​ဆောင်​ချက်​များ​အား​ ​ထိုး​ဖောက်​ဖျက်​ဆီး​လာ​သည့်​ 

ကွန် ​ပျူ​တာ​ ​ဗိုင်း​ရပ်စ်​များ​ ​ဝင်​ရောက်​ခဲ့​သော်​လည်း​ ​အ​ပြည့်​အ​ဝ​ ​တား​ဆီး​နိုင်​ခဲ့​ကြောင်း​ ​ဟိုင်​ဒါ​မော့စ်​လာ​ဟီ​က​ဆို​သည်​။

အ​ချို့​သော​ ​နိုင်ငံ​ခြား​ ​ကျွမ်း​ကျင်​ပ​ညာ​ရှင်​များ​၏​ ​နျူ​က​လီး​ယား​ဆိုင်​ရာ​ ​ထိန်း​ချုပ်​မှု​ ​ကွန်​ပျူ​တာ​စ​နစ်​အ​တွင်း​ ​ထိုး​ဖောက်​ဝင်​ရောက်​မှု​များ​ ​ရှိ​ခဲ့​ကြောင်း​ ​မော့စ်​လာ​ဟီ​က​ ​အ​တည်​ပြု​ခဲ့​သော်​လည်း​ ​မည်​သည့်​နိုင်ငံ​က​ ​တိုက်​ခိုက်​သည်​ကို​ ​ဖော်​ထုတ်​ပြော​ဆို​ခြင်း​ ​မ​ရှိ​ချေ​။ ​ပြီး​ခဲ့​သည့်​ ​လ​ပိုင်း​က​ Stuxnet​ ​အ​မည်​ရှိ​ ​ကွန်​ပျူ​တာ​ ​ကုဒ်​တစ်​မျိုး​ဖြင့်​ ​တိုက်​ခိုက်​မှု​ကို​ ​အိ​န္ဒိ​ယ​၊​ ​အင်​ဒို​နီး​ရှား​နှင့်​ ​အ​မေ​ရိ​ကန်​ရှိ​ ​စက်​မှု​လုပ်ငန်း​များ​ ​ခံ​စား​ခဲ့​ရ​သေး​သည်​။ 

ယင်း ​အ​ဖျက်​ကုဒ်​သည်​ ​စက်​တင်​ဘာ​လ​က​ ​အီ​ရန်​သို့​ ​ပျံ့​နှံ့​ခဲ့​ပြီး​ ​အီ​ရန်​၏​ ​ပ​ထ​မ​ဆုံး​ ​နျူ​က​လီး​ယား​ ​စက်​ရုံ​မှ​ ​လုပ်​သား​များ​၏​ ​ကွန်​ပျူ​တာ​များ​ထဲ​ထိ​ ​ရောက်​ရှိ​ခဲ့​သည်​။ ​မော့စ်​လာ​ဟီ​က​ ​ယင်း​သည်​ ​နိုင်ငံ​ခြား​ ​ပ​ညာ​ရှင်​များ​၏​ ​လက်​ချက်​ဟု​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​ယ​ခင်​က​ကဲ့​သို့​ ​အ​မေ​ရိ​ကန်​နှင့်​ ​အ​နောက်​အုပ်​စု​ကို​ ​တိုက်​ရိုက်​စွပ်​စွဲ​ခြင်း​မျိုး​ ​မ​ပြု​လုပ်​သွား​ပေ​။ ၎င်း​က​ ​အ​ဖျက်​ဗိုင်း​ရပ်စ်​​ကြောင့်​ ​ဘူ​ရှာ​ဟာ​ ​နျူ​က​လီး​ယား​ ​စက်​ရုံ​မှ​ ​အ​လုပ်​သ​မား​များ​၏​ ​ကွန်​ပျူ​တာ​များ​ ​ထိ​ခိုက်​ခဲ့​သော်​လည်း​ နျူ​က​လီး​ယား​ ​စက်​ရုံ​၏​ ​ပင်​မ​လည်​ပတ်​မှု​ ​စ​နစ်​ကို​ ​အ​ပြည့်​အ​၀​ ​ကာ​ကွယ်​ထား​နိုင်​ကြောင်း​ ၎င်း​က​ ​ဆက်​လက်​ပြော​ကြား​သွား​ခဲ့​သည်​။


posted by ၀င်းဝင်းခင်, Credit :လူထုအသံ (http://peoplemediavoice.net/)


နှစ်​ပေါင်း​ ​၃၆​ ​သန်း​ကျော်​က​ ပင်​ဂွင်းငှက်​ကြီး​များ​၏​ ​ပုံ​သဏ္ဍန်​ကို​ ​ဖော်​ပြ​နိုင်​ပြီ

( 0 Votes )
သိ ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​လွန်​ခဲ့​သော ​နှစ်​ပေါင်း​ ​၃၆​ ​သန်း​ကျော်​က​ ​ ကမ္ဘာ​ပေါ်​တွင်

ရှင်​သန်​နေ​ထိုင်​ခဲ့​သည့်​ ပင်​ဂွင်းငှက်​ကြီး​များ​၏​ ​ပုံ​သဏ္ဍန်​ကို​ ​ဖော်​ပြ​လိုက်​သည်​။ Water​ King​ ​ဟု​ ​အ​မည်​ပေး​ထား​သော​ ​ပင်​ဂွင်း​ကြီး​များ​၏​ ​ရုပ်​ကြွင်း​အ​ပိုင်း​အ​စ​များကို​ ​ပီ​ရူး​နိုင်ငံ​တွင်​ ​ကျောက်​ဖြစ်​ရုပ်​ကြွင်း​ ​ရှာ​ဖွေ​သူ​များ​က​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။

အ ​နီ​ရောင်​ရှိ​ခဲ့​သော​ ​ယင်း​ရေ​ရော​ကုန်း​ပါ​ ​ကျက်​စား​သည့်​ ​သ​တ္တ​ဝါ​ကြီး​များ​သည်​ ​အ​မြင့်​ ​၅​ ​ပေ​ထိ​ ​ရှိ​ခဲ့​မည်​ဖြစ်​ရာ​ ​ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​များ​ထက်​ ​နှစ်​ဆ​ကျော်​ ​ကြီး​မား​ကြောင်း​ ​သိ​ရ​သည်​။ ​ပါ​ရာ​ကက်​ ​ရုပ်​ကြွင်း​တူး​ဖော်​ရေး​ ​နေ​ရာ​တွင်​ ​တွေ့​ရှိ​ခဲ့​သော​ ​ရု​ပ်​ကြွင်း​များ​ကို​ Pedro​ဟု​ ​အ​မည်​ပြောင်​ ​ပေး​ထား​သည်​။ ​ပူ​နွေး​သော​ ​ပင်​လယ်​တွင်​ ​နေ​ထိုင်​သော​ ​သ​တ္တ​ဝါ​များ​တွင်​ ငါး​များ​ကို​ ​ဖမ်းယူ​ရန်​အ​တွက်​ ​အ​ရှည်​ ​၇​ ​လက်​မ​ရှိ​သော ​နှုတ်​သီး​ကြီး​များ​လည်း​ ​ပါ​ရှိ​ကြောင်း​ ​အ​မေ​ရိ​ကန်​နိုင်ငံ​ ​မြောက်​ပိုင်း​ကာ​ရို​လိုင်း​နား​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ ​ဒန်​ကာ​ဆက်​ပါ​က​ ​ပြော​ကြားသွား​သည်​။ ​မိ​မိ​တို့​သည်​ ​နှုတ်​သီး​တွင်​ ​ဆက်​စပ်​နေ​သော​ ငှက်​မွေး​ပုံ​ ​အ​ရာ​ဝ​တ္ထု​ ​အ​ချို့​ကို​လည်း​ ရ​ရှိ​ခဲ့​ကြောင်း​ ​ဒေါက်​တာ​ဒန်​ကာ​က​ဆို​သည်​။

ငှက်​မွေး​များ​မှာ​မူ​ ​ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​များ​၏​ ​အ​မွေး​ထက်​ ​ထူး​ထူး​ခြား​ခြား​ ကြီး​မား​နေ​ခြင်း​ ​မ​ရှိ​ကြေင်း​လည်း​ ​သိ​ရ​သည်​။ ​အ​ဓိ​က​ ​ကွာ​ခြား​ချက်​မှာ​ ​ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​များ​သည်​ ​အ​ဖြူ​နှင့်​ ​အ​နက်​ရောင်​ ​စပ်​ကြား​အ​ဖြစ်​ ​တွေ့​ရ​သော်​လည်း​ Water​ King​​ များ​၏​ ​ခ​န္ဓာ​ကိုယ်​မှာ​ ​အ​ဓိ​က​အား​ဖြင့်​ ​အ​နီ​ရောင်​ ​ဖုံး​လွှမ်း​နေ​ကြောင်း​လည်း​ ​ဒေါက်​တာ​ဒန်​ကာ​က​ ​ဆက်​လက်​ပြော​ဆို​သွား​သည်​။ ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​မျိုး​စိတ်​များ​အ​နက်​ ​အ​ကြီး​ဆုံး​မှာ​ ​အင်​ပါ​ယာ​ ​ပင်​ဂွင်း​များ​ ​ဖြစ်​ကြ​ပြီး​ ​အ​ရပ်​ ​၄​ ​ပေ​ထိ​ ​မြင့်​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။


posted by ၀င်းဝင်းခင်, Credit :လူထုအသံ (http://peoplemediavoice.net/)

အာ​ကာ​သ​အ​လည်​အ​ပတ်​ခ​ရီး​စဉ်​ သွား​ရောက်​နိုင်​ရန်​ Virgini​ Galatic​​ ​စီ​စဉ်​လျက်​ရှိ 

( 0 Votes )
ခ ​ရီး​လှည့်​လည်​ ​သွား​လာ​လည်​ပတ်​ခြင်း​ကို​ ​ဝါ​သ​နာ​ထုံ​သူ​များ​အ​နေ​နှင့်​ ​ဆာ​ရစ်​ချတ်​ဘ​ရန်​ဆန်​၏

လက်​ရှိ​ဆောင်​ရွက်​နေ​မှု​များ​ ​မျှော်​မှန်း​သည့်​အ​တိုင်း​ ​ပေါက်​မြောက်​ခဲ့​ပါ​က​ ​​နောက်​ထပ်​ ​၁၈​ ​လ​မျှ​အ​ကြာ​တွင်​ ပျော်​ရွှင်​ကျေ​နပ်​စ​ရာ​ ​အ​တွေ့​အ​ကြုံ​ကို​ ​ခံ​စား​ခွင့်​ ​ရ​လာ​မည်​ဖြစ်​သည်​။

Virgini​ Galatic အာ​ကာ​သ​ ​ခ​ရီး​သွား​လုပ်ငန်း​​ကို​ အ​ဓိ​က​ပိုင်​ဆိုင်​သော​ ​စီး​ပွား​ရေး​ ​စွန့်ဦး​တီ​ထွင်​သူ​ ​ပု​ဂ္ဂိုလ်​ကြီး​သည်​ ​လ​ပေါ်​သို့​ ​ခြေ​ချ​ရန်​ ​ကိ​စ္စ​ကို​ ​ဆယ်​ကျော်​သက်​ ​အ​ရွယ်​က​တည်း​က​ ​စိတ်​ကူး​ယဉ်​နေ​ခဲ့​ပြီး​ ​ယ​ခု​အ​ခါ​ ​မိ​မိ​ရော​၊​ ​အ​ခြား​သူ​များ​ပါ​ ​ယင်း​အ​ခွင့်​အ​ရေး​မျိုး​ ​ပိုင်​ဆိုင်​လာ​နိုင်​အောင်​ ​ကြိုး​ပ​မ်း​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

Virgin​​ ၏​ ​ဖန်​တီး​တီ​ထွင်​မှု​များ​ထက်​ ​လ​ပေါ်​သို့​ ​သွား​ရောက်​ရ​သော​ ​ခ​ရီး​စဉ်​က​ ​မိ​မိ​အ​တွက်​ ​ရင်​ခုန်​စ​ရာ​ ​ဖြစ်​လာ​မည်​ဟု​ ​အ​သက်​ ​၆၀​ ​အ​ရွယ်​ ​စီး​ပွား​ရေး​ ​အ​မြင်​ထက်​သန်​သော​ ​ပု​ဂ္ဂိုလ်​ကြီး​က​ဆို​သည်​။ Virgin ​သည်​ ​မ​ကြာ​သေး​မီ​က​ ​အာ​ကာ​သ​ ​အ​လည်​အ​ပတ်​ ​ခ​ရီး​စဉ်​ကို​ ​စ​တင်​နိုင်​တော့​မည်​ဟု​ ​ကြေ​ညာ​ခဲ့​သ​လို​ ​ယ​ခု​အ​ခါ​ ​လ​ပေါ်​သွား​ ​စီ​မံ​ကိန်း​ကို​လည်း​ ​ဆောင်​ရွက်​နေ​ပြီ​ဟု​ ​ဘ​ရန်​ဆန်​က​ ​ပြော​ဆို​သွား​သည်​။ ​ဘ​ရန်​ဆန်​က​ ​လ​ပေါ်​သို့​ ​အ​လည်​အ​ပတ်​ ​ခ​ရီး​သွား​ရောက်​နိုင်​ရေး​ ​ကိ​စ္စ​အ​တွက်​ ​၁၀​ ​နှစ်​မျှ​ ​အ​ချိန်​ယူ​ ​ကြိုး​ပမ်း​ခဲ့​ရ​ကြောင်း​လည်း​ ​ဖွင့်​ဟ​ခဲ့​သည်​။

အာ​ကာ​သ​နှင့်​ ​ပတ်​သက်​သော​ ​အိပ်​မက်​များ​စွာ​ရှိ​ကြောင်း​၊​ ​ယင်း​တို့​အ​နက်​ ​အ​ချို့​မှာ​ ​အ​မှန်​တ​ကယ်​ ​ဖြစ်​လာ​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ​ဘ​ရန်​ဆန်​က​ Dawn​ of​ Decade:​ Alternative​ Investments​ ​အာ​ရှ​ဖို​ရမ်​တွင်​ ​ပြော​ကြား​သွား​ခဲ့​သည်​။ ​ယင်း​ဖို​ရမ်​ကို​ ​နိုင်ငံ​တ​ကာ​ ​ဟာ​ရယ်​ထ​ရီ​ဘွန်း​က​ ​တာ​ဝန်​ယူ​ ​ကျင်း​ပ​ပေး​ခဲ့​ခြင်း​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။


posted by ၀င်းဝင်းခင်, Credit :လူထုအသံ (http://peoplemediavoice.net/)

မောင်ပိုင်စီးလိုသော ခြံစောင့်အချို့ကြောင့်မလိုလျှင် ဖယ်ရှားနိုင်ရန်စာချုပ်ဖြင့် ထားလာ

( 0 Votes )
နှစ်လရှည်စွာ ခြံစောင့်အဖြစ် နေထိုင်ခွင့်ပေးထားသူများအား အ ကြောင်းအမျိုးမျိုးကြောင့်နေထိုင်ခွင့် မပြုတော့သည့်အခါ မဖယ်ရှားပေး မှုများရှိလာသဖြင့် မြေပိုင်ရှင်များက ခြံစောင့်အဖြစ်နေထိုင်ခွင့်ကို စာချုပ် ချုပ်ဆိုလာကြကြောင်း သိရသည်။ခြံစောင့်အဖြစ် ၁ဝ နှစ်ကျော် ကြာမြင့်ပါက ပိုင်ဆိုင်ခွင့်မရှိသော် လည်း ဥပဒေအရ ဆက်လက်နေ ထိုင်ခွင့်ရှိသောကြောင့် အမှုအခင်း များ ဖြစ်ပွားရကြောင်း၊ ထို့ကြောင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ က ခြံစောင့်အဖြစ် ထားမည်ဆိုပါ က စာချုပ်ချုပ်၍ထားရန် အကြံပေး ကြသဖြင့် တွင်ကျယ်လာခြင်းဖြစ် ကြောင်း ယူနတီအိမ်ခြံမြေမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။စာချုပ်ထဲတွင် မြေရှင်က ခြံ စောင့်အား အခမဲ့မေတ္တာဖြင့် နေ ထိုင်ခွင့်ပြုခြင်းဖြစ်ပြီး ရွှေ့ပြောင်းရန် နှင်ပါက ဘယ်နှရက်အတွင်း ရွှေ့ ပြောင်းပေးရမည် ဆိုသည့်အချက်ကို အဓိကထားချုပ်ဆိုကြကြောင်း သိရ သည်။”များသောအားဖြင့် လူရင်း တွေ၊ တပည့်ရင်းတွေကို အစောင့် ထားရင် အမှုဖြစ်ကြတာများတယ်။ ယူနတီအနေနဲ့ အဲဒီလိုစာချုပ်မျိုး ၄ ခါလောက် ချုပ်ဆိုပေးရပြီးပြီ” ဟု ¤င်းကဆိုသည်။ယင်းသို့သော ပြဿနာမျိုး မှာ စပေါ်ငွေယူ၍ လပေးစနစ်ဖြင့် နှစ် ရှည်အိမ်ငှားထား သူများလည်း ကြုံ တွေ့ရကြောင်း၊ အိမ်ငှားများသည် လည်း ၁ဝ နှစ်ကျော်နေထိုင်ခဲ့ပါက ပိုင်ဆိုင်ခွင့်မရှိသော်လည်းဆက်လက် နေထိုင်ခွင့်ရှိသည့်အတွက် အချို့ အိမ်ငှားများက ယင်းအချက်ကို ကိုင် ကာ အိမ်ပေါ်မှ မဆင်းပေးကြောင်း သိရသည်။”အခုနောက်ပိုင်းကတော့ စပေါ် စနစ်လည်းကုန်ပြီ။ လပြတ်အိမ်ငှား ကြတာပဲများတော့တယ်။ အိမ်ရှင် တွေကလည်း အိမ်ငှားကိုအကြာကြီး မထားကြတော့ဘူး”ဟုလှိုင်မြို့နယ် အတွင်းရှိ အိမ်ပွဲစားတစ်ဦးက ပြောသည်။
Posted:MinMin, Credit:Popular Myanmar news


အ​ခြား​သော​ ​ဂြိုလ်​ကမ္ဘာ​မှ​ ​သက်​ရှိ​များ​အ​တွက်​ ​ ကု​လ​သ​မ​ဂ္ဂ​သံ​တ​မန်​ခန့်​အပ်​ဆို​မှု​ ​မက်​ဇာ​လွန်​ငြင်း​ဆို

( 0 Votes )
အာ ​ကာ​သ​ ​ရူ​ပ​ဗေ​ဒ​ ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သော​ ​မက်​ဇာ​လွန်​ ​အော့​သာ​မန်​က

သူ​မ​သည်​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​အ​ခြား​သော​ ​ဂြိုဟ်​ကမ္ဘာ​မှ​ ​သက်​ရှိ​များ​အ​တွက်​ ​ခန့်​အပ်​ထား​သည့်​ ​သံ​အ​မတ်​ရာ​ထူး​ကို​ ​လက်​ခံ​ရ​ရှိ​ထား​ကြောင်း​ ​သ​တင်း​များ​အား​ ​ငြင်း​ဆန်​သွား​သည်​။

မ​လေး​ရှား​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​က​ ​ထို​သ​တင်း​များ​သည်​ ​သ​ဘော​ကျ​ ​နှစ်​ခြိုက်​စ​ရာ​ဖြစ်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​သူ​မ​အ​နေ​နှင့်​ ​ငြင်း​ဆန်​ကြောင်း​ Guardian​သ​တင်း​ဌာ​န​သို့​ ​အ​သိ​ပေး​ခဲ့​သည်​။ Sunday​ Times​ ​သ​တင်း​စာ​က​ ​အော့​သာ​မန်​အား​ ​ကမ္ဘာ​ဂြိုဟ်​သား​များ​နှင့်​ ​ပ​ထ​မ​ဆုံး​ ​ဆက်​သွယ်​လာ​မည့်​ ​အာ​ကာသ​အ​တွင်း​မှ​ ​သက်​ရှိ​များ​နှင့်​ ​ပေါင်း​ကူး​ဆက်​သွယ်​ရန်​ ​ရည်​စူး​ပြီး​ ​ကု​လ​သ​မ​ဂ္ဂ​က​ သံ​အ​မတ်​ ​ခန့်​အပ်​ထား​ကြောင်း​ ​ဖော်​ပြ​ခဲ့​ရာ​မှ​ ​ယင်း​ကဲ့​သို့​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လာ​ခြင်း​ဖြစ်​သည်​။

သူ​မ​အ​နေ​နှင့်​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​သိ​ပ္ပံ​ဆိုင်​ရာ​ ​ညီ​လာ​ခံ​တစ်​ခု​တွင်​ ​တက်​ရောက်​ခဲ့​သော်​လည်း​ ​အ​ဓိ​က​ ​ဆွေး​နွေး​ပြော​ကြား​ခဲ့​သည့်​ ​အ​ကြောင်း​အ​ရာ​မှာ​ ​ကမ္ဘာအ​နီး​မှ​ ​ဖြတ်​သန်း​သွား​သည့်​ ဥ​က္ကာ​ခဲ​ကဲ့​သို့​ ​အ​ရာ​များ​ ​ကိ​စ္စ​သာ​ဖြစ်​ကြောင်း​လည်း​ဆို​သည်​။ သူ​မ​က​ ​လူ​သား​များ​အ​ပြင်​ ​စ​ကြာ​ဝ​ဠာ​အ​တွင်း​ ​အ​ခြား​သက်​ရှိ​များ​ ​ရှိ​နေ​သည်​ဆို​သော​ ​အ​ယူ​အ​ဆ​မှာ​ ​စိတ်​ဝင်စား​စ​ရာ​ ​ကောင်း​ကြောင်း​လည်း​ ​မှတ်​ချက်​ပြု​သွား​ခဲ့​သည်​။


posted by ၀င်းဝင်းခင်, Credit :လူထုအသံ (http://peoplemediavoice.net/)

ကမ္ဘာ တစ်လွှား အံ့သြဖွယ်ရာ ထူးခြား လှပဆုံး ပြတိုက် (၉) ခု

( 5 Votes )
ကမ္ဘာတစ်လွှားရှိ ပြတိုက်တိုင်းလိုလိုပင် စိတ်ဝင်စားဖွယ်ရာ

အကြောင်းအရာများ၊ ရှားပါးသော ယဉ်ကျေးမှု အမွေအနှစ်များ၊ အံ့သြဖွယ်ရာ တင်ဆက်ပြသပုံများ၊ ထူခြားလှပသော အနုပညာ ပစ္စည်းများအပြင် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများ ပြည့်နှက်လျက်ရှိသည်။ အချို့သော ပြတိုက်များသည် ပြတိုက်တွင် ပြသထားဘော အကြောင်းအရာများ သာမက ပြတိုက် အဆောက်အအုံကပင် ထူးခြားလှပသော အနုပညာ လက်ရာတစ်ခု ဖြစ်နေတတ်လေသည်။

ကမ္ဘာတစ်လွှားရှိ ပြတိုက်များမှ အံ့သြဖွယ်ရာ ထူးခြားလှပဆုံး ပြတိုက် (၉) ခု ကို ဆင်ဟွာ သတင်းဌာနက Nine marvellous art museums in world ဟူ၍ ရွေးချယ် ထားသည်ကို PatheinCity News ပရိသတ်များအတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

1. Salvador Dali Museum in Florida, the United States

http://patheincity.com/news//HLIC/d53989b81a2ce7d6509e8486d17cc7b5.jpg
ဆာလ်ဗေဒို ဒါလီ ပန်းချီ အနုပညာ ပြတိုက် ၊ ဖလော်ရိဒါ ၊ အမေရိကန်ပြည်ထောင်စု

2. MAXXI National Museum of the XXI Century Arts in Rome, Italy

http://patheincity.com/news//HLIC/faa3644a023a81fc2fcfef936ac2b703.jpg
မက်ဆီ အမျိုးသားပြတိုက် ၊ ရောမမြို့ ၊ အီတလီ

3. Guggenheim Museum in New York, the United States

http://patheincity.com/news//HLIC/fde13f9cc5b79edf5d8e9bfffb10a3a1.jpg
ဂူ့ဂင်ဟိုင်မ် ပြတိုက် ၊ နယူယောက် ၊ အမေရိကန် ပြည်ထောင်စု

4. Centre Pompidou in Paris, France

http://patheincity.com/news//HLIC/1c88f2e363c74462d379ee264297b4d4.jpg
ပေါ်ပိုဒယူ စင်တာ ၊ ပဲရစ်မြို့ ၊ ပြင်သစ်

5. Denver Art Museum in Denver, the United States

http://patheincity.com/news//HLIC/e3037f83fda62164c1b105079409dcc6.jpg
ဒန်ဗာ အနုပညာ ပြတိုက် ၊ ဒန်ဗာမြို့ ၊ အမေရိကန် ပြည်ထောင်စု

6. Royal Ontario Museum in Toronto, Canada

http://patheincity.com/news//HLIC/8e58865f8de390881a937bc2d726bb5f.jpg
တော်ဝင် အွန်တေရီရို ပြတိုက် ၊ တိုရန်တိုမြို့ ၊ ကနေဒါ

7. Niterói Contemporary Art Museum in Rio de Janeiro, Brazil

http://patheincity.com/news//HLIC/53140e0876dfb3a0399a2a235ca5f0af.jpg
နီတရိုင်း ခေတ်ပေါ် အနုပညာ ပြတိုက် ၊ ရီရို ဒေ ဂျနဲရို မြို့ ၊ ဘရာဇီး

8. Palace of Fine Arts in San Fransisco, the United States

http://patheincity.com/news//HLIC/739c8022d6222655e5a1c8c246a98070.jpg
အနုပညာ နန်းတော် ၊ ဆန်ဖရန်စစ္စကို ၊ အမေရိကန် ပြည်ထောင်စု

9. City of Arts and Sciences of Valencia, Spain

http://patheincity.com/news//HLIC/a04f5b7f68111f257007d40a4780297c.jpg



မော်တော်ကား ဝါသနာအိုးများ အကြိုက်တွေ့မယ့် ကား ဟိုတယ်

( 1 Vote )
အကယ်၍ သင်ဟာ မော်တော်ကား ခရေစီ တစ်ယောက် ဖြစ်သည်ဆိုပါဆို့။

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းမှ Stuttgart မြို့တော်ရှိ V8 ဟိုတယ်ကို အမှန်ပင် သဘောကျပေလိမ့်မယ်။ V8 ဟိုတယ်တွင် ဟိုတယ်ခန်းအတွင်းရှိ အိပ်ယာများကို ကားအမျိုးအစားစုံ၏ ကိုယ်ထည်များဖြင့် ပြုလုပ်ထားသည်။ ဟိုတယ်ခန်း အပြင်အဆင်များကိုလည်း ကားပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည်။
ထို့အပြင် စားသောက်ခန်းထဲတွင်လည်း ပြိုင်ကားများကို မြင်တွေ့နိုင်သည်။ဟိုတယ် ဧည့်ခန်းမတွင် မြင်တွေ့နိုင်မည့် ရှေးဟောင်း ကားများကိုလည်းကောင်း ကော်ဖီစားပွဲ အောက်ခံအဖြစ် တွေ့ရသည့် ကားအင်ဂျင် အမျိုးမျိုး ကိုလည်းကောင်း မြင်တွေ့နိုင်ပြီး နှင့် အခြားသော ကား အလှဆင် ပစ္စည်များသည် V8 ဟိုတယ်ကို အမှန်ပင် မော်တော်ကား ဝါသနာအိုးများ ပြီးပြည့်စုံသည့် ဟိုတယ် တစ်ခု ဖြစ်လာစေသည်။

a hotel for 640 01 jpg
a hotel for 640 02 jpg
a hotel for 640 03 jpg
a hotel for 640 04 jpg
a hotel for 640 05 jpg
a hotel for 640 06 jpg
a hotel for 640 07 jpg
a hotel for 640 08 jpg
a hotel for 640 09 jpg
a hotel for 640 10 jpg
a hotel for 640 11 jpg
a hotel for 640 12 jpg
a hotel for 640 13 jpg
a hotel for 640 14 jpg
a hotel for 640 15 jpg
a hotel for 640 16 jpg
a hotel for 640 17 jpg
a hotel for 640 18 jpg
a hotel for 640 19 jpg
posted by ၀င်းဝင်းခင်,Credit :မြို့တော်ပုသိမ် | Source:AsianTown


ကမ္ဘာ​​အ​နီး​မှ​ ဥ​က္ကာ​ခဲ​​ အ​သေး​စား​နှစ်​ခု​ ​ဖြတ်​သန်း​​သွား

( 0 Votes )
စက် ​တင် ဘာ​ ​၈​ ​ရက်​နေ့​တွင်​ ​ကမ္ဘာမြေ​အ​နီး​မှ​ ဥ​က္ကာ​ခဲ​ ​အ​သေး​စား​နှစ်​ခု​ ​ဖြတ်​သန်း​သွား​ဖွယ်​ ​ရှိ​​ကြောင်း

အ​မေ​ရိ​ကန်​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။

မ​ကြာ​သေး​မီ​က​မှ​ ​ပ​ညာ​ရှင်​များ​ ​တွေ့​ရှိ​ခဲ့​သည့်​ ​အ​ဆို​ပါ​ ဥ​က္ကာ​ခဲ​နှစ်​ခု​ ​ဖြတ်​သန်း​သွား​ခြင်း​အား​ ​သာ​မန်​မျက်​စိ​ဖြင့်​ ​တွေ့​မြင်​ရ​မည်​ ​မ​ဟုတ်​ဟု​ ဆို​သည်​။ space.com​ က​ ယင်းဥ​က္ကာ​ခဲ​များ​သည်​ ကမ္ဘာပတ်​လမ်း​ကို​ ​ဖြတ်​သန်း​သွား​မည်​ဖြစ်​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။ ​နှစ်​ခု​အ​နက်​ ​ပို​သေး​သော​ 2010​ RF​ 12​ ​အ​မည်​ရှိ​ ဥ​က္ကာ​ခဲ​သည်​ ​ကမ္ဘာမှ​ ​မိုင်​ပေါင်း​ ​၄၉၀၀၀​ ​ကျော်​အ​ကွာ​မှ​ ​ဖြတ်​သန်း​မည်​ဖြစ်​ပြီး​ 2010​ RX​ 30​က​မူ​ ​ကမ္ဘာ​မှ​ ​မိုင်​ပေါင်း​ ​၁၅၄၀၀၀​ ​ကျော်​မျှ​ ​ကွာ​ဝေး​သည့်​ ​နေ​ရာ​မှ​ ​ဖြတ်​သန်း​​ သွား​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။ ​အ​သေး​မှာ​ ​အ​လျား​ ​၄၂​ ​ပေ​နှင့်​ ​အ​နံ​ ​၁၉​ ​ပေ​ရှိ​ပြီး​ ​အ​ကြီး​မှာ​ ​အ​လျား​ ​၇၂​ ​ပေ​နှင့်​ ​အ​နံ​ ​၃၃​ ​ပေ​ထိ​ရှိ​ကြောင်း​လည်း​ ​ဝက်​ဆိုက်​တွင်​ ​ဖော်​ပြ​ထား​သည်​။

NASA ​က​ ​ယင်းဥ​က္ကာ​ခဲ​များ​ ​ဖြတ်​သန်း​မှု​ကို​ ​န​က္ခတ်​တာ​ရာ​ကြည့်​ ​မှန်​ပြောင်း​များ​နှင့်​ ​မှတ်​တမ်း​တင်​ရန်​ စီ​စဉ်​ထား​ကြောင်း​ ​ပြော​ကြား​သွား​သည်​။ space.com​ ​က​ ​သု​တေ​သီ​များ​သည်​ ​ကမ္ဘာ​ကြီး​အား​ ​ထိ​ခိုက်​မှု​ ​ကြီး​ကြီး​မား​မား​ ​ဖြစ်​စေ​နိုင်​လောက်​သော​ ဥ​က္ကာ​ခဲ​များ​အား​ ​အ​စဉ်​တ​စိုက်​ ​ထောက်​လှမ်း​​ ရှာ​ဖွေ​နေ​လေ့​ရှိ​ကြောင်း​လည်း​ ​ရေး​သား​ဖော်​ပြ​ထား​သည်​။


posted by ၀င်းဝင်းခင်, Credit :လူထုအသံ (http://peoplemediavoice.net/)

Facebook​ ​သုံး​စွဲ​ခြင်း​က​ ​ကျောင်း​သူ​​ ကျောင်း​သား​များ​ ​ပ​ညာ​ရေး​​ ထိ​ခိုက်​နိုင်

( 2 Votes )
Facebookအား ​ ​သုံး​စွဲ​ခြင်း​သည်​ ​​ကျောင်း​သူ​ကျောင်း​သား​များ​အ​တွက်​ ​ပ​ညာ​ရေး​တွင်

ထိ​ခိုက်​မှု​ ​ဖြစ်​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ခဲ့​သည်​။ ​လေ့​လာ​မှု​ ​တစ်​ခု​အ​ရ​ ​က​မ္ဘာ​ကျော်​ Social​ Networking​ ​ဝက်​ဆိုက်​အား​ ​ပုံ​မှန်​သုံး​စွဲ​နေ​သည့်​ 

ကျောင်း ​သား​အ​များ​စု​သည်​ Grade​​ အ​ဆင့်​ ​သတ်​မှတ်​မှု​များ​ ​ကျယ်​ဆင်း​လာ​တတ်​ကြောင်း​ ​စိတ်​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​သု​တေ​သီ​များ​က​ Facebook​ကို​ ​တွင်​ကျယ်​စွာ​ ​သုံး​စွဲ​နေ​သည့်​ ​ကျောင်း​သား​များ​သည်​ ​စာ​မေး​ပွဲ​ ​ရ​မှတ်​များ​ ​၂၀​ ​ရာ​ခိုင်​နှုန်း​ထိ​ ​ကျ​ဆင်း​တတ်​သည်​ဟု​ဆို​သည်​။

အ​မေ​ရိ​ကန်​ ​တ​က္က​သိုလ်​များ​ရှိ​ ​သာ​မန်​ဘွဲ့​နှင့်​ ​ဘွဲ့​လွန်​ကျောင်း​သား​ ​၂၁၉​ ဦး​၏​ ​ပ​ညာ​ရေး​ ​အ​ခြေ​အ​နေ​များ​ကို​ ​လေ့​လာခဲ့​ပြီး​နောက်​ ​ယ​ခု​ရ​လဒ်​ကို​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​စိတ်​ပ​ညာ​ ​ပေ/ာ်​ဖက်​ဆာ​ ​ပေါ​က​ရစ်​ရှ​နာ​က​ဆို​သည်​။ ၎င်း​က​ ​ကျောင်း​သား​များ​တွင်​ ​အ​သက်​ ​၁၉​ ​နှစ်​မှ​ ​၅၄​ ​နှစ်​အ​ရွယ်​ထိ​ ​ပါဝင်​ကြောင်း​လည်း​ ​ပြော​ကြား​သွား​သည်​။

ပေါ​နှင့်​ ​သု​တေ​သီ​အ​ဖွဲ့​က​ Facebook​ ​သုံး​စွဲ​နေ​သူ​ ​လေး​ပုံ​သုံး​ပုံ​မျှ​သည်​ ​ထို​အ​ချိန်​များ​တွင်​ ​ပ​ညာ​ရေး​အ​တွက်​ ​အ​သုံး​ချ​ပါ​က​ ​မိ​မိတို့​အ​တွက်​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​မည်​ဆို​သော​ ​အ​ချက်​အား​ ​ယုံ​ကြည်​ခြင်း​မ​ရှိ​ဟု​ ​ပြော​ကြား​ခဲ့​သည်​။ ​ယ​ခု​လို​သ​ဘော​ထား​နှင့်​ ​အ​လား​တူ​ ​ပုံ​စံ​မျိုး​ကို​ ​ပို​မိုငယ်​ရွယ်​သည့်​ ​အ​လယ်​တန်း​နှင့်​ ​အ​ထက်​တန်း​အ​ဆင့်​ ​ကျောင်း​သား​များ​တွင်​ပါ​ ​တွေ့​မြင်​ရ​နိုင်​ကြောင်း​ ​ပေါ​က​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​သွား​ခဲ့​သည်​။


Myanmar News

ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် ၃ နှစ်ကျ

 
Nunu Sung ဟု ခေါ်သော မြန်မာ ဒုက္ခသည်တဦးသည်
ကလေးမွေးဖွားပြီး စွန့်ပစ်မှုဖြင့် ထောင် ၃ နှစ် ချမှတ်ခံရသည်ဟု ချီကာဂိုမြို့သတင်းစာ တစောင်၏ အင်တာနက် စာမျက်နှာ suntimes.com တွင် ယနေ့ ရေးထားသည်။ သူက ကလေး မွေးဖွားပြီး စွန့်ပစ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း မကြာသေးမီက တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်သည်။

အပြစ်ရှိကြောင်း ထွက်ဆိုလျှင် ထောင်မှလွတ်ပြီးနောက်ပိုင်း အမေရိကန်တွင် ဆက်လက်နေထိုင်ခွင့်၊ သားဖြစ်သူကို အုပ်ထိန်းပိုင်ခွင့်တို့ ရမည်ကို Nunu Sung က သိရှိကြောင်း သတင်းတွင် ရေးထားသည်။ ထောင်မကျခင် အာမခံဖြင့် နေစဉ်က အာဏာပိုင်တို့ စောင့်ရှောက်ထားသည့် သူ၏ သားထံသို့ အပတ်စဉ် သွားတွေ့ခွင့် ရခဲ့သည်။ ယခု ထောင်ဒဏ် ကျခံရစဉ် တနှစ် နှင့် လေးလ အရွယ် ကလေးကို တွေ့ခွင့် ရှိမရှိ မသိရသေးပေ။ ကလေးမှာ ညီအစ်မ ၀မ်းကွဲ၏ ခင်ပွန်းသည်နှင့် ရရှိသည့် ကလေး ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။
၂၀၀၉ ဇွန်လ ကလေးမွေးခါနီး အချိန်က လမ်းလျှောက်ထွက်ဦးမည်ဟု ဆွေမျိုးတော်စပ်သူတို့ကို ပြောပြီး ထွက်သွားကြောင်း၊ ပြန်မလာသဖြင့် ဆွေမျိုးတို့က ရဲကို အကြောင်းကြားခဲ့ကြောင်း၊ နောက်ပိုင်း သူပြန်ရောက်လာသည့်အခါ ရဲက သူ့ကို စစ်ဆေးနေစဉ် အိမ်နီးချင်းတို့က ချက်ကြိုးတန်းလန်းနှင့် ကလေး  ခြုံပင်များကြားတွင် ငိုနေသည်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မွေးကင်းစ ကလေးသည် နာရီပေါင်းများစွာ စွန့်ပစ်ခံရသော်လည်း တစုံတရာ ထိခိုက်မှု မရှိဘဲ အသက်ရှင်ခဲ့သည်ဟု ဆိုသည်။

သိန်း ၅၀၀ ကံထူးတဲ့ ကိုးလသားလေ

 
မုံရွာ၊ အောက်တိုဘာ ၇ - ကျပ်သိန်း ၅၀၀ ဆုကို ဓ-၈၈၀၆၉၈ ထီနံပါတ်ဖြင့် (၂၁၆) ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှ ကိုးလသားအရွယ် မောင်ဝတုတ်အမည်ဖြင့် မြတံခွန်ထီစကြာဝဋ္ဌာတွင် ကံစမ်းခဲ့ရာ သုံးစောင်တွဲမှ ကံထူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်ဝတုတ်ကို မုံရွာမြို့နယ် လယ်ဇင်ရွာ အုပ်စု၊ ရွာထောင်ရွာနေ တွင်ခံလုပ်ငန်းရှင် ကိုသိန်းဆွေနှင့် မသူဇာဝင်းတို့မှ မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မွေးဖွားပြီး ကိုးလအရွယ်တွင် ယခု သိန်း ၅၀၀ ကို ပေါက်ခဲ့ကံထူးခဲ့သည့်နည်းတူ လွန်ခဲ့သောခြောက်လခန့် မောင်ဝတုတ် သုံးလသားအရွယ်ခန့်က လယ်ဇင်အုပ်စု အောင်သာရွာဘုရားပွဲတွင် ဆိုင်ကယ်မဲ ကံထူးခဲ့သော ကံထူးရှင် ဖြစ်ကြောင်း သိရသည်။

ထို့အမြင် ကံထူးရှင် မောင်ဝတုတ်၏ အဘိုး ဦးသိန်းဝင်းသည် ၁၉၉၇ ခုနှစ်က သိန်း ၅၉ ဆုတစ်ကြိမ်၊ မောင်ဝတုတ်၏ ဦးလေးမှာ ၂၅ သိန်းဆုတစ်ကြိမ် ထီကံထူးခဲ့ဖူးကြောင်း သိရသည်။ သိန်း ၅၀၀ ဆုပေါက်သော မောင်ဝတုတ်ကို မိဘဘိုးဘွားများက မုံရွာမြို့ မြတံခွန်ထီစကြာဝဋ္ဌာထီကားမှ သုံးစောင်တွဲ ထီလက်မှတ်ကို ကံစမ်းပေးခဲ့ရာ သိန်း ၅၀၀ ဆုကံထူးခဲ့ခြင်း ဖြစ်ပြီး ကံထူးရှင် မောင်ဝတုတ်အား မြတံခွန်  ထီစကြာဝဋ္ဌာမှ အပိုဂုဏ်ပြုစု ကျပ်သိန်း ၅၀ နှင့် ရိုးမရာဇာ ၁၂၅ ဆိုင်ကယ်တစ်စီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ref:The Flower News


အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ဒါးပိန်ဘူတာ အကျော်တွင် ရထား၂ စင်းတိုက်မှု ဖြစ်ပွားခဲ့

( 3 Votes )
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒါးပိန်ဘူတာအကျော်

ပဲခူးတိုင်း အတွင်းတွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနှင့် အမှတ် ၁ အဆန်စာပို့ရထားတို့ နံနက် ၅ နာရီခွဲ ၀န်းကျင်းအချိန်၌ တိုက်မိခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ မီးရထားနှစ်စင်း တိုက်မိမှုကြောင့် မြန်မာ့မီးရထားမှ ၀န်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ နံနက် ၅ နာရီခွဲ အချိန်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနဲ့ အမှတ် ၁ အဆန်စာပို့ရ ထားနှစ်စင်း တိုက်မိပါတယ်။ လတ်တလောသတင်းတွေအရ ဆီတင်ကုန်တွဲရထားက လမ်းရှောင်ဖို့အတွက် လမ်း လွှဲဝင်တဲ့အချိန်မှာ နောက်ကလာတဲ့ အမှတ် ၁ ရထားက ၀င်ဆောင့်တယ်လို့အကြမ်းဖျင်း သိရပါတယ်။ဒီ မတော်တဆဖြစ်ပွားမှုကြောင့် မြန်မာ့မီးရထားဝန်ထမ်း ၃ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒါးပိန်ဘူတာအကျော် နယ်နမိတ်သည် ပဲခူးတိုင်းအတွင်း ရောက်ရှိနေကြောင်း၊ ကျန်ရထားခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။



 
11
Oct
2010

မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ် အချို့တွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

( 0 Votes )
မန္တလေးတိုင်း ဒေသကြီး အတွင်း၌ အောက်တိုဘာလ ပထမပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး

မန္တလေးမြို့ ၀န်းကျင်နှင့် ဒေသတွင်းရှိ မြို့နယ်အချို့တွင် ဆည်မြောင်း၊ ချောင်းများ ရေခံပြည့်လျံနေခြင်း၊ ဆည်ရေများ ဖွင့်ထုတ်ပေးခြင်း တို့ကြောင့် အောက်တိုဘာလ ၉ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က မိုးရေချိန် စံချိန်သစ် ၅.၁၂ လက်မ ရွာသွန်းခဲ့ပြီး ကာလ
တူ နှိုင်းယှဉ်ပါက ယခင် စံချိန်ကျိုးခဲ့သည့် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရွာသွန်းခဲ့သော ၄.၂၅ လက်မထက် မိုးရေချိန် ၀.၈၇ လက်မ ပိုမို ရွာသွန်းခဲ့ကြောင်း မိုးဇလဌာန သတင်းထုတ်ပြန်ချက် အရ သိရသည်။

မန္တလေးအရှေ့ခြမ်း

ထိုကဲ့သို့ မန္တလေးမြို့၏ အထက်ပိုင်း ဒေသများနှင့် မြို့ပေါ်တွင် အဆက်မပြတ် မိုးရွာသွန်းခြင်း၊ ဆ
ည်ရေလွတ်ပေးခဲ့ခြင်း တို့ကြောင့် မြို့ပေါ်ရှိ ချောင်းများဖြစ်သည့် ပန်းရံတော်ချောင်း၊ နဒီချောင်း၊ တံတားဖြူချောင်း၊ ကိုလံဘိုမြောင်း၊ ရွှေတချောင်းမြောင်း၊ သင်္ဂဇာချောင်း တို့တွင် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ထို့ပြင် မြို့တွင်းရှိ ရေနုတ်မြောင်းများလည်း ရေလျှံတက်လာခဲ့သောကြောင့် အောက်တိုဘာ ၈ ရက်နေ့ တစ်နေ့လုံး မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမများ၊လူနေအိမ်ခြေများထဲသို့ ရေ၀င်ရောက်မှုများ တစ်မြို့လုံးနီးပါး ဖြစ်ပေါ်ခဲ့သည်။ မန္တလေးခရိုင်အတွင်း ရေဘေးဒဏ် ခံစားရမှု အနေဖြင့် ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ကံသာယာမြို့သစ်၊ ထွန်တုံးရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက်၊ အောင်ပင်လယ်ရပ်ကွက်နှင့် ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ (က) ရပ်ကွက်၊ (စ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ သင်ပန်းကုန်းရပ်ကွက်၊ အင်းခရု ရပ်ကွက်များတွင် လူနေအိမ်ခြေများ အတွင်း ၄ ပေခန့်အထိ ရေ၀င်ရောက်မှုများ ရှိနေကြောင်း သိရသည်။
ချမ်းမြသာစည် မြို့နယ် အတွင်း ရေကြီးခဲ့မှု အခြေအနေနှင့်ပတ်သက်၍ ထွန်တုံးရပ်ကွက်၊ လေးမျက်နှာဘုရား အနီးတွင်း နေထိုင်သူ တစ်ဦးက''မိုးက တစ်နေ့နဲ့တစ်ညလုံး ရွာနေသလို ဆည်တော်ကြီးကလည်း ရေလွှတ်လိုက်တာကြောင့် အိမ်နားက တံတားဖြူချောင်း ရေလျှံတက်လာတယ်။ အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းအထိ အိမ်ကို ရေမရောက်သေးဘဲ ညပိုင်းမှာ တရိပ်ရိပ်နဲ့တစ်ညလုံး တက်လာလိုက်တာ မနက် ၄ နာရီလောက်ကျတော့ မြေပြင်ကနေ အိမ်ပေါ်ထိ ရေက ခြောက်ပေလာက် ရှိနေပြီ။ အိပ်ချိန်မှာ တက်လာလို့ ပြောင်းရရွှေ့ရနဲ့ အတော် ဒုက္ခများကြတယ်''ဟု ဆိုသည်။

မန္တလေးအနောက်ခြမ်း

အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် အနောက်ဘက်ခြမ်း တို့
တွင်လည်း သင်္ဂဇာချောင်းရေနှင့် ရွှေတချောင်း မြောင်းရေ လျှံတက်လာမှုကြောင့် အဆိုပါ မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းကျသော လူနေအိမ်ခြေ အချို့တွင် ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့၏အထင်ကရ လမ်းမကြီး ဖြစ်သော ၁၆ ဘီလမ်း အောက်ပိုင်းတစ်လျှောက်တွင် ရေကြီးရေလျံမှု ဖြစ်ပွားခဲ့သည်။''ဒီဘက်ပိုင်းမှာ ရေကြီးနေတာကြောင့် ၂၆ ဘီလမ်းပေါ်က သင်္ဂဇာချောင်းကို လူတွေ၊ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူး။အဲဒါနဲ့ ဆိုင်ကယ်တစ်စီးကို ၅၀၀(ကျပ်)၊ လူတစ်ယောက်ကို ၂၀၀ (ကျပ်)နဲ့ ထော်လာဂျီတွေနဲ့တင်ပြီး ကူးနေရတယ်။ သံဘိုကျွန်းဘက်က လှေတွေလည်း ရောက်လာပြီး သယ်ယူပို့ဆောင်မှုတွေ ၀င်လုပ်နေတယ်''ဟု ပွဲကုန်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ပုသိမ်ကြီးမြို့နယ်

ပုသိမ်ကြီးမြို့နယ် အတွင်းတွင်လည်း အောက်တိုဘာလ ၈ ရက်နေ့က မိုးရေချိန် ၁၁.၃၁ လက်မ ရွာသွန်းခဲ့သောကြောင့် ဒေသတွင်း မိုးရေချိန်လက်မ အများဆုံး ရွာသွန်းရာ မြို့နယ်တစ်ခု ဖြစ်ခဲ့သည်။ဆည်တော်လေးဆည် ရေလွှတ်မှုကြောင့် နဋောင်းကျ ချောင်းရေမှာလည်း လျှံတက်လာခဲ့ကာ ချောင်းဝန်းကျင်ရှိ ကျေးရွာများနှင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းပေါ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်ဟု လိန်ပင် ရွာသားတစ်ဦးက ပြောကြားခဲ့သည်။ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ဦးလှထ
ွန်းမေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်း ဆေးရုံဝန်း အတွင်းသို့လည်း ရေလေးပေခန့် ၀င်ရောက်ခဲ့သောကြောင့် ဆေးရုံတွင် တက်ရောက်နေသော ကင်ဆာဝေဒနာရှင် ၄၇ ဦးကို ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ကာ ပြုစုကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်ဟု သိရသည်။ယင်းကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် မန္တလေးမြို့ ရပ်ကွက်အချို့တွင် အောက်တိုဘာလ ၉ ရက်နေ့က လျှပ်စစ်မီးများကို ဖြတ်တောက်ထားခဲ့ကြောင်းလည်း သိရသည်။

တံတားဦး၊မြစ်သား

ယခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာသွန်းခဲ့သော မိုးမှာ မန္တလေးမြို့နှင့် နယ်မြေချင်း ဆက်စပ်လျက်ရှိသော တံတားဦး မြို့နယ်တွင် ၅.၉၁ လက်မ ရွာသွန်းခဲ့ပြီး ပြင်ဦးလွင် မြို့နယ်တွင် ၅.၇၅ လက်မ ရွာသွန်းခဲ့သောကြောင့် တံတားဦးမြို့နယ်တွင် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ရွာသွန်းခဲ့သော ယခင် စံချိန်ဟောင်း ၃. ၅၄ လက်မ၊ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၀က်နေ့ ရွာသွန်းခဲ့သော ယခင် စံချိန်ဟောင်း ၅.၄၃ လက်မတို့ထက် ကျော်လွန်ခဲ့သည်။ အလားတူ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြစ်သားမြို့နယ်တွင် ဆည်ရေ၊ ချောင်းရေများ လျှံတက်ခဲ့မှုပြီး မြို့နယ် အတွင်းရှိ ပေါက်မြိုင်၊ အင်းရဲ၊ ဆင်ခြံ၊ နွားကူးလေး၊ လောင်းတော်ဦး၊ နွားလျာရိုး၊ နွားဖြူငယ်၊ တမာပင်၊ အနောက်သပြေသာ၊ ဒရယ်ကောင်း၊ကျောက်ဆောက်၊ ရန်အေး၊ ညောင်ခြစ်၊ ပုဏ္ဍားရွာ၊ သစ်တပ်ကုန်း၊ ရစ်ကန် စသည့် ကျေးရွာများ အတွင်းသို့ ရေ၀င်ရောက်မှုများ ရှိနေကြောင်း၊ မန္တလေး-မြင်းခြံကားလမ်း၊ မြစ်သားမြို့နယ် လမ်းပိုင်းတွင်လည်း ကားလမ်း ရေကျော်မှုကြောင့် အောက်တိုဘာလ ၉ ရက်နေ့က မော်တော်ယာဉ်လိုင်းများ ခေတ္တရပ်နားထားခဲ့ရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

''မြစ်သားမြို့ပေါ် အနေနဲ့ကတော့ မြို့တွင်းလမ်း နှုတ်ခမ်းထိ ရေရောက်လာတယ်။ မြို့နယ်ထ
ဲက ကျေးရွာတွေမှာတော့ ၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ရေစတက်လာလို့ မန္တလေး-မြင်းခြံကားလမ်းဘေးမှာ ယာယီ ရေဘေးတိမ်းရှောင်နေကြရတယ်။ ရွာတွေထဲမှာ တစ်ထပ်အိမ်ဆိုရင် ခေါင်မိုးလောက်ပဲ ကျန်တယ်။နှစ်ထပ်ဆိုရင်တော့ အောက်ထပ်မြှပ်တယ်။သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲကျကုန်တယ်။ ကားလမ်းပေါ်မှာတော့ ရေက ခါးလောက်ထိ ရှိတယ်။မြင်းခြံ-မန္တလေး ကားတွေက အခုဆိုရင် မြစ်သားမြို့ကို မဖြတ်ပဲ မိတ္တီလာ-ကူမဲဘက်ကနေ ပတ်မောင်းနေကြတယ်''ဟု မြစ်သားမြို့ခံ တစ်ဦးက ပြောပြပါသည်။

အကူအညီ
ယခုအခါ မန္တလေးမြို့ပေါ်ရှိ ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ရေဘေးသင့် ပြ
ည်သူများအား မြို့နယ် အတွင်းရှိ ဘုရားပုရ၀ဏ်များ၊ ဓမ္မာရုံနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ သံဃာတော်များ၊ လူမှုကူညီရေးအသင်းနှင့် ပုဂ္ဂလိက စေတနာရှင်များက ကယ်ဆယ်ရေး၊ လုံခြုံရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်တွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့၍ အချို့နေရာများတွင် ရေများတန့်၍ အနည်းငယ် ပြန်လည်ကျဆင်းသွားသဖြင့် မိမိတို့ နေအိမ် အသီးသီးသို့ ပြန်လည်ဝင်ရောက် နေထို
င်သူ အချို့ကိုလည်း တွေ့ရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ၈ ရက်နေ့ ရွာသွန်းခဲ့သော မိုးရေချိန်အချို့
ပုသိမ်ကြီးမြို့နယ် ၁၁.၃၁ လက်မ
မြစ်ငယ် ၇.၇၈ လက်မ
စဥ့်ကိုင် ၇.၁၀ လက်မ

ကျောက်ဆည် ၆.၄၂ လက်မ
အမရပူရ ၆.၂၄ လက်မ
တံတားဦး ၅.၉၁ လက်မ

ပြင်ဦးလွင် ၅.၇၅ လက်မ
မန္တလေး ၅.၁၂ လက်မ
ရွှေစာရံ  ၅.၀၀ လက်မ






posted by ၀င်းဝင်းခင်, Credit :Eleven Media Group

မလေးရှားကားကုမ္ပဏီ မြန်မာနိုင်ငံတွင် ဆလွန်းကားထုတ်ရန် စီစဉ်ပြီ

( 1 Vote )
လာမည့် ၂ဝ၁၁ ခုနှစ်၌ မြန်မာ နိုင်ငံတွင် ကားထုတ်လုပ်ရန် မလေးရှားကုမ္ပဏီတစ်ခုက စီစဉ်နေ သည်ဟု
ကုန်သည်/စက်မှုအသင်း ချုပ်မှ ဒုဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြောသည်။  လာရောက်ထုတ်လုပ်မည့် ကုမ္ပဏီသည် ဂျပန်နိုင်ငံရှိ Nissan ကားထုတ်လုပ်ရေးကုမ္ပဏီနှင့် ပူး ပေါင်းကာ မလေးရှားနိုင်ငံတွင် ကားထုတ်လုပ်ရေး၊ ပြုပြင်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့်  Tang Chong Group ကုမ္ပဏီ ဖြစ် သည်။ ”သူတို့က အစိုးရနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ပဲဖြစ်ဖြစ် အဆင်ပြေရင် ပြေသလို ပူးပေါင်း လုပ်ကိုင်မှာဖြစ်တယ်။ အဲဒီလို လုပ် ဖို့အတွက်ကိုလည်း လက်ရှိမှာ သူ တို့လုပ်ကိုင်မယ့် လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန တွေဆီ စာ တင်ထားပြီးပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ၄င်းကုမ္ပဏီအနေဖြင့် မြန်မာ နိုင်ငံတွင်ဆလွန်းကားများကို ဦးစားပေးထုတ်လုပ်ရန် ကြံရွယ် ထားသော်လည်း လုပ်ငန်းလည်ပတ် စကာလ၌ကား Servicing ကဏ္ဍပိုင်းကိုသာ စတင်လုပ်ကိုင်မည်ဖြစ် ပြီး နောက်ပိုင်းမှသာ လုပ်ငန်းကို တစ်ဆင့်မြှင့်၍ ထုတ်လုပ်ရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့လုပ်ကိုင်ရန်အတွက် ၄င်းကုမ္ပဏီသည် ယခုအခါ မြန်မာ လုပ်သား ဝန်ထမ်းများကို ခေါ်ယူခန့် အပ်နေပြီဖြစ်ကြောင်း၊ အဓိကအား ဖြင့် အင်ဂျင်နီယာများနှင့် အိုင်တီ သမားများကို ဦးစားပေးခေါ်ယူနေ ကြောင်း သိရသည်။ ”အဲဒီ လိုမျိုး နည်းပညာအ သားပေးလုပ်ငန်းတွေ မြန်မာနိုင်ငံ ထဲလာရင်းနှီးမြှုပ်နှံကြတာ ကောင်း ပါတယ်။ ငွေကြေးရော၊ နည်းပညာ ပိုင်းဆိုင်ရာရော ဒီကလုပ်သားတွေ ရကြ မှာပေါ့။ ဒါပေမဲ့ တစ်ခုပဲ ပြော စရာရှိတယ်။ အရည်အသွေးမြင့်မြင့် နဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့တော့ လို အပ်မယ်ထင်တယ်” ဟု ဦးဇော်မင်း ဝင်းက ထပ်လောင်းပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင်း ကား ထုတ်လုပ်မှုလုပ်ငန်းကို အိန္ဒိယနိုင်ငံ မှာ တာတာကားကုမ္ပဏီက ဆောင် ရွက်နေသည်။ ”ဒီလိုမျိုး နိုင်ငံခြားကုမ္ပဏီတွေ အတွက် ပြည်တွင်းဈေးကွက်ကို ဖွင့်ပေးမှုများလာရင်တော့ နောက် ပိုင်းမှာ ကျွန်တော်တို့လို လုပ်ငန်း ရှင်တွေအတွက် ဈေးကွက်အားပြိုင် မှုတွေများလာမှာပဲ။ အဲဒီအပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နိုင်ငံခြားသားလုပ်ငန်းရှင်တွေ အပေါ်  စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်လောက်ထိ ထိန်းချုပ်မှု ပြုမလဲဆိုတာကို ကြည့်ပြီးတော့မှ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ရှေ့ဆက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းမှ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအတွင်းသို့ ငွေ အားနှင့် နည်းပညာအား ကောင်း ကောင်းဖြင့် နိုင်ငံခြား ကား ထုတ် လုပ်ရေးကုမ္ပဏီများ ဝင်ရောက် လာပါကပြည်တွင်း၌ တစ်နိုင်တစ် ပိုင်ထုတ်လုပ်နေသော ကားထုတ် လုပ်ရေးလုပ်ငန်းများမှာ အခက်အခဲ များစွာ ကြုံတွေ့လာနိုင်ကြောင်း၊ ထို့ကြောင့် တနိုင်တပိုင် ကားထုတ် ခြင်းထက် တစ်နိုင်တစ်ပိုင်များ စုပေါင်း၍ ကုမ္ပဏီကြီး တစ်ခုအဖြစ် ကားထုတ်နိုင်ရေးကို ကြံဆထား သင့်ပြီဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။ ”စုစည်းမှုတစ်ခုလုပ်မှပဲ ငွေ အားကောင်းမယ်။ ငွေအားကောင်း မှ နည်းပညာမြင့် စက်ပစ္စည်းတွေ ဝယ်နိုင်မယ်။ စက်ပစ္စည်းကောင်းမှ အရည်အသွေးရှိတဲ့ကားတွေကို အချိန်တိုအတွင်း အရေအတွက်များ များ ထုတ်နိုင်မယ်။ အဲဒီလို အခြေ အနေမရောက်သေးရင်တောင် မြန် မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမယ့် နာမည်ရှိပြီးသား နိုင်ငံခြား ကား ကုမ္ပဏီကိုယှဉ်နိုင်ဖို့ မလွယ်သေး ဘူး” ဟု ၄င်းကပြောသည်။
စံကျော်
posted by ၀င်းဝင်းခင်, Credit :ပေါ်ပြူလာ မြန်မာ ဂျာနယ်


posted by ၀င်းဝင်းခင်, Credit :Eleven Media Group

Blog News

Mihem sang a lungtah jo
               Ama min chu Zhu Jianqiang  akiti in ahi. Zhu Jianqiang kiti nachu ahileh ahithei lou thilsoh chung a lunglha lou va panla jing kiti na ahi, Hiche Vohcha hi apien a pet akeng 2 bou ahin, Ahin ahungsot phat in adang vohcha hobang in lam ajot thei in ahi. Mr. Wang Xihai  kiti pa hin Vohpi khat anei in aso chun anou 9 lah a hiche Vohcha keng 2 bou hi ahungjao kha tan, Aji ainsung miho le akhosung mihon paimang ding a asei uchun aman lungset na le khoto najeh in anom pon ahi.
                 Aman jong lunglha lou a avah in lha 2 jou hin Vohcha chu lamjot dan le adang hil thei thei ahil in ahi leh Vohcha jong aloidang hobang in lamjot thei le adei nethei in aumdoh tan ahi. Tuhin Muntin gamtin ah ahungkithang tan, Adei cha a Sumle pai tamtah a choh ding atiu vang in Mr.Wang Xihai kiti pa vang anom pon ahi,.




 
Thu, 7 October, 2010 1:31:16 AM
စကြာဝဠာ ထဲက နောက်ထပ် ကမ္ဘာအသစ်တစ်ခုလော
ဒီအကြောင်းတရားကတော့ အံ့မခန်း တိုးတက်နေတဲ့ ကမ္ဘာကြီးက နောင်လာမဲ့
နောက်မျိုးဆက်သစ်တွေ ရဲ့ မြင့်မှားတဲ့ နည်းပညာတွေနဲ့ ကိုလိုနီ နယ်ချဲ့
ဖို့အတွက် အခွင့်အရေးဖြစ်လာ နိုင်မှာဖြစ်ပါတယ်။ နက္ခတာရာ
သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာနှင့် အလွန်တူတဲ့ ဂြိုလ်တစ်ခုကို
ရှာဖွေတွေ့ရှိကြောင်း ကျေငြာထုတ်ပြန်ခဲ့ပါတယ်။ ထို ဂြိုလ်ကြီးဟာ ကမ္ဘာထက် ၃ဆ
ကြီးပြီး ကမ္ဘာနှင့် အလင်းနှစ် ၂ဝ မိုင် ကွာဝေးတယ်လို့ဆိုပါတယ်။
တွေ့ရှိခဲ့တဲ့ ကမ္ဘာသစ်ကြီးဟာ စကြာဝဠာထဲက Goldilocks ဇုန်လို့ ခေါ်တဲ့
နေရာမှာ ရှိပါတယ်။ ထိုနေရာမှာလည်း ပူခြင်း၊ အေးခြင်းနှင့် ပင်လယ်
မြစ်၊ချောင်းတွေ ရှိပါတယ်။ ထို့အပြင် ကမ္ဘာကြီးမှာ ရစ်ထားတဲ့
ဓါတ်ငွေ့တွေရှိသလို ထိုဂြိုလ်ကြီးကိုလဲ ရစ်ပါတ်ထားတဲ့
ဓါတ်ငွေ့တွေရှိနေခြင်း၊ ကမ္ဘာမြေကြီး ဆွဲငင်အား တူနေခြင်းတို့ကြောင့်
သက်ရှိသတ္တဝါများ နေထိုင်လို့ ရနိုင်ပါတယ်။ ထို့ကြောင့်လဲ နက္ခဗေဒ

သိပ္ပံပညာရှင်တွေက ယင်းဂြိုလ်ကြီးနဲ့ ပါတ်သက်ပြီး နဂါးငွေတန်း ထဲက
ကျွန်ုပ်တို့ ရဲ့ အနောက်ဥယာဉ်လို့ သုန်းနှုန်းဖော်ပြခဲ့ပါတယ်။ အထိုအဖွဲ့ဟာ
ကမ္ဘာနဲ့ တူတဲ့ ဂြိုလ်များကို ရှာဖွေနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ထိုဂြိုလ်ကြီးဟာ
လည်း စင်္ကြာဝဠာကြည့် မှန်ပြောင်းနဲ့ ကြည့်ပါက သေးသေး လေးသာ မြင်ရတဲ့ Gliese
581 ဆိုတဲ့ အလွန်ဝေးကွာတဲ့ အနီရောင်ဂြိုလ်တစ်လုံးကို လှည့်ပါတ်နေတာ
ဖြစ်ပါတယ်။ ကမ္ဘာနှင့်တူတယ်ဆိုတဲ့ ဂြိုလ်ကြီးကိုတော့ Gliese (g)
လို့နာမည်ခေါ်ပြီး ကမ္ဘာမှ မိုင်ပေါင်း ၁၁၈ဝဝဝဝဝဝဝဝဝဝဝဝ မိုင်(သို့)
အလင်နှစ်မိုင် ၂ဝ ထက်မက ပိုဝေးပြီးဝေးပါတယ်။ နောက်ဆုံးလေ့လာချက်များအရကတော့
Gliese 581 ကို ဂြိုလ် ၆ လုံး လှည့်ပါတ်နေတာဖြစ်ပါတယ်။




ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းနှင့် လှည့်ပါတ်ပုံ စနစ်ခြင်းတူနေပြီး အများအားဖြင့်တော့
စက်ဝိုင်း သဏ္ဍာန်ပါတ်လမ်းအတိုင်း လှည့်ပါတ်ကြတာ ဖြစ်ပါတယ်။
လူနေနိုင်လို့ရမယ်လို့ ယူဆရတဲ့ ဂြိုလ်နှစ်ခုကို Goldilocks Zone မှာ
အရင်ကတွေ့ခဲ့သော်လည်း ထိုဂြိုလ်များရဲ့ လှည့်ပါတ်မှု့များဟာ
အစွန့်ရောက်မှု့တွေကြောင့် အလွန်ပူခြင်း အလွန်ပူခြင်းဖြစ်နိုင်တဲ့
အနေအထားမှာရှိပါတယ်။ Gliese (g) ကတော့ ထိုနှစ်ခုရဲ့ အလယ်
မှာကျရောက်နေခဲ့တာဖြစ်ပါတယ်။ Gliese (g)ရဲ့ အချင်းဟာ ကမ္ဘာချင်းထက် ၁.၂ မှ
၁.၄ အထိရှိနိုင်သလို ကမ္ဘာနှင့် ဆွဲငင်အားဖြင်းတူတာကြောင့် Gliese
(g)ဂြိုလ်ပေါ်မှာ တောင်တန်းတွေ ရှိခဲ့ရင်လည်း ကျွန်တော်တို့ အခက်အခဲမရှိ
ဒီကမ္ဘာပေါ်မှာ လမ်းလျှောက်သလို တက်ရောက်လျှောက်လှမ်းလို့
ရနိုင်မှာဖြစ်ပါတယ်။ နက္ခတာယာ သိပ္ပံပညာရှင်တွေဟာ အရင်ကတွေ့ခဲ့တဲ့ Gliese 581
ပါတ်လည်မှာရှိခဲ့တဲ့ ဂြိုလ်ငါးလုံးကို b,c,e,d,f လို့နာမည်ပေးခဲ့ပြီး
အခုနောက်ဆုံး တွေ့ခဲ့တဲ့ Gliese 581(g)လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။
ဒုံးကျည်ရဲ့ အမြန်နှုန်းနဲ့ ထိုဂြိုလ်သို့သွားပါက နှစ် ၂ဝဝ ကြာမယ်ဖြစ်ပါတယ်။



အလင်းလို မြန်တဲ့ နှုန်းအတိုင်းသွားရင်တောင် နှစ် ၂ဝ ကြာမယ်ဆိုတော့လဲ
လောလောဆယ်နည်းပညာတွေနဲ့ လုံးဝစဉ်းစားလို့မရပေမဲ့ နောက်ပေါ်လာမဲ့
နည်းပညာတွေနဲ့ ဆိုဖြစ်နိုင်ကောင်းဖြစ်နိုင်မှာပါ။ ကျွန်တော်
စဉ်းစားမိတာတစ်ခုကတော့ ကမ္ဘာအပြင်ဖက် အာကာသထဲမှာ လေမရှိတဲ့အတွက်
ပွတ်တိုက်အားနဲ့ မီးလောင်မှုဆိုတာ မရှိနိုင်ဘူးလို့ ထင်ပါတယ်။
ထို့ကြောင့်လည်း အလွန်မြန်တဲ့ယာဉ်တွေတီထွင်ပြီး ကမ္ဘာအပြင်ဖက်မှာ
မောင်းနိုင်ကြမှာပါ။ အိုင်းစတိုင်ကတော့ လူတွေဟာ
အလင်းထက်မြန်အောင်သွားနိုင်ခဲ့ပြီးဆိုရင် မိမိတို့ရဲ့ အနာဂါတ်ကို
ကြိုပြီးသိနေလိမ့်မယ်တဲ့..

၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု


လာမည့် ၃ နှစ်အတွင်း နေမှ
ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး
ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က
သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း
ဆန်းသတင်းစာအရသိရသည်။


သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို
ပေါ်ပေါက်စေမည်ဟု ကြိုတင်ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ်
တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား
ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ
လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး
ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ
ထိခိုက်မှုများ ဖြစ်စေမည့်အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး
အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။


လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခုဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုးဖြစ်လာ မည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်ကမီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှုအဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှတဆင့်နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီးစေခဲ့ခြင်းဖြစ်သည်။
အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟော-လိဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင်ကြုံတွေ့ရဖွယ် ရှိနေပြီး
ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင်အဆိုပါ ကိစ္စနှင့်
ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။

ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြုပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန်
မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။

၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင်
မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင်
အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ
ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ
ထိုးတက်လာပြီး လေထုအတွင်းတွင်ဓါတ်ရောင်ခြည် မုန်တိုင်းများ
အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့်
လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည်
ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။

ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး
ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင်တစ်ခုလုံးတွင် သွေးရောင်
ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း
ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး
တိမ်တိုက်များမှာ မုန်တိုင်းများဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့်
လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက်
အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း
သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့်
အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန်သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ
နိုင်ငံရှိ Quebec လျပ်စစ်ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။



၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့်အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John
Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင်
နှင့်လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ
ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ်
သုံးစွဲခဲ့သည်။


မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူက-ီးယားလက်နှက်များပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး
ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။

Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့
ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ
ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။
ဟုအားပေးစကားလည်းပြောကြားခဲ့သည်။


လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့်
အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်မှုများကို အသေးစိတ်
ဆွေးနွေးခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ်Dr
Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ
သံလိုက်ဓါတ်များကကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ်
ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ
အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့
လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။ ဖြစ်စဉ်အရ အဖိုးတန်
ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး
ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက
ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ
အကြမ်းဖျင်းခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည်
ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တများနှင့်
နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက်
လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။


------------------------



အရွယ်တင် နုပျိုလှပစေဖို့



 
ကျွန်တော်တို့၏ သွင်ပြင်လက္ခဏာ အသားအရေအရောင်အဆင်းတို့ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး အခြေအနေဘယ်လောက်ကောင်းမွန်သလဲဆိုတာကိုဖော်ပြနေတတ်ပါတယ်။အရေပြားဟာဆိုရင်
လူ့ခန္ဓာကိုယ် ထဲသို့ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားပိုးမွှားများဝင်ရောက်မှုကို ကာကွယ်ပေးထားတဲ
့Barrier ကြီးတစ်ခု ဖြစ်ပါတယ်၊ ခြောက်သွေ့တဲ့အသားအရေဟာ အလွယ်တကူအက်ကွဲနိုင်ပြီး
ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများ ၀င်ရောက်ရန်လမ်းကြောင်းသဖွယ်ဖြစ်နေနိုင်ပါတယ်။ သို့သော် ကျန်းမာနေရင်တောင်မှ အသက်ကြီး လာတာနဲ့အမျှ
ကျွန်တော်တို့ ရဲ့ အသားအရေဟာ ရှုံ့တွ လာမယ်၊ အရောင်အဆင်း မွဲခြောက်လာပြီး လျော့တိလျောရဲ
ဖြစ်လာမယ်၊ဒါတွေဟာ သဘာဝတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီလိုဖြစ်ပေါ်လာမှုတွေကို
လျှော့ချလို့ရတဲ့  နည်းလမ်း တွေလည်း ရှိပါသေးတယ်။ အားလုံးသိတဲ့ အတိုင်း အောက်ဖော်ပြပါ ဗီတာမင်၅မျိုးဟာဆိုရင်
အိုးမင်း ရင့် ရော်ခြင်းကို နှေးကွေး စေရုံ သာမကကျန်းမာရေးကိုပါထောက်အကူပြုစေနိုင်ပါတယ်။

 
၁။ ဗီတာမင် အီး ( vitamin E )

 
vitamin E ဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေနိုင်တဲ့  အစွမ်းသတ္တိ အများကြီးရှိပါတယ်။၎င်းဟာ ဆိုရင် အဆီမှာပျော်ဝင်နိုင်တဲ
့ ဗီတာမင်မျိုးဖြစ်ပြီး vitaminE cream ၊ lotion များကို လိမ်းပေးပါက အသား အရေ မွဲခြောက်ခြင်း၊
အက်ကွဲခြင်းများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ထဲတွင်ရှိတဲ့ UVB(Ultraviolent B ray) ကို ကာကွယ်နိုင်တာကြောင့်
နေလှောင်ခံ ကရင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ vitamin E ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း
( anti-oxidant) ဖြစ်တဲ့ အတွက်လည်း ခန္ဓာကိုယ်အား ဆိုးကျိုးပေးသော Free radicals ခေါ်
ဓါတ်တိုးပစ္စည်းများကို လျော့နည်းစေပါတယ်။ Free radicals ဆိုတာကတော့ electron အစုံလိုက်မရှိတဲ့
မော်လီကျူးတွေ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကိုယ်ပိုင် electrons မပြည့်စုံတဲ့အတွက် တခြားသော
ဆဲလ်တွေဆီကနေ electron တွေကို ခိုးယူပါတယ်၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် တခြားဆဲလ်အကောင်းတွေဆီကို
အတင်းတွယ်ကပ်ပြီး ဓါတ်တိုးခြင်း (oxidation) ဖြစ်စဉ်ကို ဖြစ်စေပါတော့တယ်။ ဒါကြောင့်
free radical တွေဟာ တခြားဆဲလ်အကောင်းတွေ၊ တစ်ရှုးတွေကိုပါ ပျက်စီး စေတတ်တဲ့ မကောင်းတဲ့အရာဝတ္ထုတွေ
ဖြစ်ပါတယ်။ anti-oxidant မော်လီကျူးတွေကတော့ ၎င်းတို့မှာ များစွာရှိနေတဲ့ electron တွေကို
ထို free radical တွေကို ဝေမျှပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ free radical အရေအတွက်နည်းပါးသွားအောင်
စွမ်းဆောင်ပေးကြပါတယ်။


သင့်တော်တဲ vitamin E ပမာဏကိုစားသုံးခြင့်ဖြင့်
ခန္ဓာကိုယ်ထဲမှာ free radical တွေကြောင့် ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဒါသာမကသေးပါဘူး
vitamin E ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း စတဲ
့အချက်တွေနဲ့လည်း ပြည့်စုံ ပါသေးတယ်။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို
ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများကိုလည်း တားဆီးပေးပါတယ်။
vitamin E ပေါကြွယ်ဝတဲ့  အစားအစာတွေကတော့ အခွံမာအစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊
ထောပတ်သီး အစရှိတဲ့ အစိမ်းရောင် အသီးအရွက်တို့ဖြစ်ပါတယ်။

 
၂။ဗီတာမင် စီ (vitamin C )

 



Vitamin C ဟာလည်း anti-oxidant တစ်ခုဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ
နောက်ထပ် anti-oxidantတွေကိုပါ အသစ်ထပ်မံဖြစ်ပေါ်စေတတ်တဲ့ အစွမ်းရှိပါတယ်။ lotion အနေနဲ့ လိမ်းပေးပါကလည်း
UV rays ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှာဆိုရင်
collagen ဟာ အရေပြားကို ပုံဖော်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။ vitamin C ဟာ
collagen အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ အတွက် အသားအရေဟာ တင်းတင်းရင်းရင်းဖြစ်နေပြီး နုနယ်တဲ
့ပုံစံပေါက်သွားစေပါတယ်။ ဒါ့အပြင် ဒီတွယ်ဆက် တစ်ရှုး ဖြစ်တဲ့  collagen ဟာ အနာကျက်တဲ
့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အနာမြန်မြန်ကျက်စေဖို့အတွက်
vitamin C ကို သုံးစွဲနိုင်ပါတယ်။ vitamin C ကြွယ်တဲ့ အစားအစာတွေ ကတော့ စတော်ဘယ်ရီ၊
သံပုရာ အစရှိတဲ့ ချဉ်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ အာလူးနဲ့ တခြားသော အသီးအရွက်တွေပဲဖြစ်ကြပါတယ်။

 


၃။ ဗီတာမင် ကေ (vitamin K)


အသက်ကြိးလာတာနဲ့အမျှ မျက်လုံးရဲ့အောက်မှာ အညိုရောင် လျော့တိလျော့ရွဲ
အ၀ိုင်းပုံစံလေး ဖြစ်နေတာကို တွေ့ဖူးကြမှာပါ။ ဒီအ၀ိုင်းလေးကလည်း လူကို ပိုမိုရင့်ရော်တယ်ထင်စေရပါတယ်။
ဒီအ၀ိုင်းလေးဖြစ်ပေါ်စေတဲ့  အကြောင်းရင်းကတော့ များစွာရှိပါတယ်၊အသက်ကြီးလာရုံ၊ အိပ်ရေးပျက်ရုံနဲ
့တင်မကပါဘူး ဟော်မုန်းနဲ့  ဓါတ်မတည့်မှုနဲ့ မျိုးရိုးလိုက်မှုတွေကြောင့်လည်း ဒီလိုမျိုး
အ၀ိုင်းလေးဖြစ်ပေါ်စေတတ်ပါတယ်။ မျက်လုံး ပတ်ပတ်လည်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ထွက်မယ်ဆိုရင်လည်း
ဒီလို အ၀ိုင်းလေးမျိုး ဖြစ်စေတတ်ပါတယ်။ vitamin K ဟာ မျက်လုံးအောက်က သွေးကြောမျှင်လေးများပေါက်ထွက်ခြင်းကို
ကာကွယ်ပေးခြင်းဖြင့် အဲဒီလို အ၀ိုင်းမျိုးမဖြစ်အောင် အပြည့်အ၀မဟုတ်ပေမယ့် အနည်းငယ်မျှ
တားဆီးပေးနိုင်တယ်လို့ သုတေသီတို့က ယူဆကြပါတယ်။ vitamin K ဟာ အသက်ကြီးလာလို့ အရိုးများ
မသန်စွမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစာလမ်းကြောင်းရှိ
ဘက်တီးရီးယားများကနေ vitamin K ကိုထုတ်လုပ်နိုင်စွမ်းရှိပါတယ်။
vitamin K ကြွယ်ဝတဲ့  အစား အစာတွေကတော့ ဆလတ်ရွက်၊ brocoli ခေါ် ပန်းမုန်လာအစိမ်းတို့
ဖြစ်ပါတယ်။

 


၎။နိုင်ရာစင် (Niacin)



Vitamin B3 တစ်ခုဖြစ်တဲ့နိုင်ရာစင်ဟာဆိုရင်လည်း အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေး ပါတယ်။ နိုင်ရာစင်ဟာ အသားအရေကို စိုပြေစေပါတယ်။ စိုပြေနေတဲ့ အသားအရေဟာ ကျန်းမာသန်စွမ်း
နုပျိုနေရုံတင်မကပါဘူး၊ အသားမွဲခြောက်လို့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မ၀င်အောင်လည်း
ကာကွယ်ပေးနိုင်ပါတယ်။ နိုင်ရာစင် ဓါတ် လျော့နည်းနေခြင်းကြောင့် အသားအရေမွဲခြောက်နေတတ်ပါတယ်။နိုင်ရာစင်ဓါတ်ဟာ အရေပြားရှိဆဲလ်အသေများကိုကွာကျစေပြီး ဆဲလ်အသစ်များကို အရေပြား မျက်နှာပြင်ပေါ်သို့ ရောက်ရှိစေပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်အတွက်
ကောင်းမွန်တဲ့  HDL ကိုလက်စထရောကို များစေနိုင်တဲ့ အတွက် သွေးကြောနံရံမှာ အဆီစုပြီး သွေးကြောကျဉ်းစေတာကိုကာကွယ်ပေးပါတယ်။ နိုင်ရာစင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး ကလီစာများ၊ ကြက်ဥ၊ မြေပဲနဲ့ပေါင်မုန့်တို့ပဲ ဖြစ်ပါတယ်။

၅။ဗီတာမင် အေ (vitamin A)


vitamin A cream ဟာဆိုရင် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးတာကို
ကယ်ကွယ်ပေးပါတယ်။ anti-oxidant အနွယ်ဝင် vitamin A ဟာဆိုရင် အရေပြား ရှုံ့တွခြင်း၊ အရေးအကြောင်းများပေါ်ခြင်းကို
ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ညအခါအမြင်ေ၀၀ါးခြင်း(ကြက်မျက်သင့်ခြင်း)နှင့် အသက်ကြီး၍ အရိုးပွခြင်း
ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ခန္ဓာကိုယ်အတွင်း vitamin A ပမာဏ
လွန်ကဲပါကလည်း အရိုးကျိုးလွယ်စေ တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ထက်ပမာဏထက်ပိုလျှံပါက
ဘေးဥပဒ်ဖြစ်စေတဲ့ အတွက် မိမိသဘောနဲ့ မိမိ vitamin A ဆေးဝါးများ မှီဝဲခြင်း မပြုလုပ်သင့်ပါဘူး။
viamin A ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ ၊ဟင်းနုနွယ်နှင့် အစိမ်းရင့်ရောင်ရှိ
ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်ဥအနှစ်နဲ့ အသဲတို့ ဖြစ်ပါတယ်။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အထက်ပါ ဗီတာမင် ၅မျိုးကို နေ့စဉ်စားသုံးတဲ့  အစားအစာတွေကနေ ရရှိနိုင်ပါတယ်။လိုအပ်မယ်ဆိုရင်လည်း ဖြည့်စွက်ဆေးဝါးများက
အထောက်အက ပြုနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း free radical တွေများပြားစေနိုင်တဲ့
ဆေးလိပ် သောက်ခြင်း၊ လေထုညစ်ညမ်းသော နေရာများနှင့် ဓါတ်ရောင်ခြည်သင့်သော နေရာများကို
ရှောင်ရှားပါ။ အပူရှိန်ပြင်းသော နေရောင်အောက်သွားသောအခါ ထီး၊ဦးထုပ် အကာအကွယ်သုံးပါ၊
နေရောင်ဒဏ်ကာကွယ်နိုင်သော SPF cream များကို အသုံးပြုပါ။ ဒေါသတရား ရှေ့မထားပါနှင့်။
စိတ်ထောင်းတော့  ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုဆိုသလို မေတ္တာတရားပွါးများပြီး stress
နည်းပါးအောင် နေထိုင်မယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါကြောင်း
ရေးသား လိုက်ရပါတယ်ခင်ဗျာ။