Blog Title

Wednesday, February 12, 2014

တရားဝင် စစ်ကျွန်ဖြစ်အောင် တွန်းပို့သည့် ရွေးကောက်ပွဲဟု ကူကီး အမျိုးသမီးအသင်းကပြော

တရားဝင် စစ်ကျွန်ဖြစ်အောင် တွန်းပို့သည့် ရွေးကောက်ပွဲဟု ကူကီး အမျိုးသမီးအသင်းကပြော

စစ်အစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအား တရားဝင်စစ်ကျွန်အဖြစ်သို့ ရောက်အောင် တွန်း ပို့သည့်ရွေးကောက်ပွဲဖြစ်သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)က ကြေ ညာချက်ထုတ်ပြန်....
စစ်အစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအား တရားဝင်စစ်ကျွန်အဖြစ်သို့ ရောက်အောင် တွန်း ပို့သည့်ရွေးကောက်ပွဲဖြစ်သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)က ကြေ ညာချက်ထုတ်ပြန်သည်။

အိန္ဒိယ မြန်မာနယ်စပ်တစ်နေရာတွင် ယခုလ (၄) ရက်မှ (၈) ရက်အထိ ပြုလုပ်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မြောက် ညီလာခံအပြီး ယင်းကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတကာမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ခြင်းသာဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု အဖွဲ့ အထွေထွေအတွင်းရေးမှူး နှူးငါငိုင်းက ယခုလိုပြောသည်။

“ကျမတို့ပြည်သူတွေအတွက်လည်း အကျိုးမရှိ၊ ကျမတို့ တိုင်းရင်းသားတွေအတွက်လည်း အကျိုးမရှိ၊ ကျမတို့ ကူကီးတွေအတွက်လည်း လုံးဝ အကျိုးမရှိတဲ့ ဒီရွေးကောက်ပွဲကို ကျမတို့အနေနဲ့ လုံးဝ  ဆန့် ကျင်တယ်။ ကန့်လည်း ကန့်ကွက်တယ်။”

ထို့အပြင် ချင်းတိုးတက်ရေးပါတီ (CPP) မှ ကူကီးဒေသအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများသည် ကူကီး လူမျိုးများ၏ တော်လှန်ရေးလှုပ်ရှားမှုကို အဟန့်အတားဖြစ်စေသည့်အတွက် (KWHRO)က ကန့်ကွက်ကြောင်း ကြေငြာချက်၌ ဖော်ပြထားသည်။

စစ်အစိုးရမှ ပြုလုပ်လျှက်ရှိသည့် ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော် ဖျက်ဆီး ခံခဲ့ရပြီး လူထုအတွက် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းမှု မရှိသည့်အတွက် ယင်းစီမံကိန်း ရပ်တန့်ပေးရန် စစ်အစိုးရထံ တောင်းဆို ထားသည်ဟု နှူးငါငိုင်းက ပြောသည်။

“အတင်းအဓမ္မပြောင်းရွှေ့ခိုင်းပြီးတော့မှ လယ်ယာမြေတွေသိမ်းတာ၊ အိမ်တွေကိုဖျက်တာ၊ ဘူဒိုဇာတွေ နဲ့ ဖြိုချလိုက် တာတွေ။ အဲလိုဖြစ်ခြင်းအားဖြင့် လူထုက တအားဒုက္ခရောက်တယ်။ အခုဟာက ဒီရေကာ တာက ဆက်လုပ်နေတဲ့ပုံစံမျိုး ကျမတို့မြင်နေ၊ တွေ့နေရတယ်။ ဒါကိုဖြစ်နိုင်မယ်ဆိုရင်တော့ ရပ်လိုက် တာကောင်းမယ်ပေါ့နော်။”

ထို့အပြင် စစ်အစိုးရ ပြောင်းရွှေ့ခိုင်းသည့် နေရာအသစ်တွင် ကျေးရွာနာမည်ပေးရာ၌ ဒေသခံ တိုင်းရင်းသားတို့၏ အမည်ဖြင့် မည့်ခေါ်ခြင်းမပြုသည့်အတွက် ရေရှည်တွင် လူမျိုးတုန်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“သူတို့က ရွာကိုလည်း ဖျက်လိုက်ပြီးတော့မှ  ရွှေပြည်အေးဆိုတဲ့ ဗမာနာမည်နဲ့ ရွာကို ဆောက်ပေးပြီး အဲလိုမျိုး နေခိုင်းတယ်။”

လယ်ယာမြေများအား အဓမ္မသိမ်းယူခဲ့စဉ်က လျော်ကြေးပေးသော်လည်း “သူတို့က ပေးတော့ ပေးတယ်။ ဒါ ပေမယ့် သူတို့ပေးတဲ့ဟာက သိန်းသုံးရာတန်တဲ့ဟာကို နှစ်သိန်း၊ သုံးသိန်း ပေးတာမျိုးပေါ့နော်။ သူတို့ ဖျက်လိုက်တုန်းကတော့ အိမ်ကြီးအိမ်ကောင်းတွေကို ဖျက်လိုက်ပြီး မှ တကယ်တန်းသူတို့ပေးတဲ့ငွေက တဲအိမ်တောင် ဆောက်လို့မရဘူးလေ။ အဲဒီတော့ လူထုက တအားနစ်နာတယ်။” ဟုဆက်ပြောသည်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) အား ၁၉၉၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။


Keima kanei, Kahet ho chu Kaneilou, Kahetlou hotoh kaki lheh in ahi. Anomchen - By.Mangneo. Malaysia

No comments: