Blog Title

Sunday, October 17, 2010

Blog News

Mihem sang a lungtah jo
               Ama min chu Zhu Jianqiang  akiti in ahi. Zhu Jianqiang kiti nachu ahileh ahithei lou thilsoh chung a lunglha lou va panla jing kiti na ahi, Hiche Vohcha hi apien a pet akeng 2 bou ahin, Ahin ahungsot phat in adang vohcha hobang in lam ajot thei in ahi. Mr. Wang Xihai  kiti pa hin Vohpi khat anei in aso chun anou 9 lah a hiche Vohcha keng 2 bou hi ahungjao kha tan, Aji ainsung miho le akhosung mihon paimang ding a asei uchun aman lungset na le khoto najeh in anom pon ahi.
                 Aman jong lunglha lou a avah in lha 2 jou hin Vohcha chu lamjot dan le adang hil thei thei ahil in ahi leh Vohcha jong aloidang hobang in lamjot thei le adei nethei in aumdoh tan ahi. Tuhin Muntin gamtin ah ahungkithang tan, Adei cha a Sumle pai tamtah a choh ding atiu vang in Mr.Wang Xihai kiti pa vang anom pon ahi,.




 
Thu, 7 October, 2010 1:31:16 AM
စကြာဝဠာ ထဲက နောက်ထပ် ကမ္ဘာအသစ်တစ်ခုလော
ဒီအကြောင်းတရားကတော့ အံ့မခန်း တိုးတက်နေတဲ့ ကမ္ဘာကြီးက နောင်လာမဲ့
နောက်မျိုးဆက်သစ်တွေ ရဲ့ မြင့်မှားတဲ့ နည်းပညာတွေနဲ့ ကိုလိုနီ နယ်ချဲ့
ဖို့အတွက် အခွင့်အရေးဖြစ်လာ နိုင်မှာဖြစ်ပါတယ်။ နက္ခတာရာ
သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာနှင့် အလွန်တူတဲ့ ဂြိုလ်တစ်ခုကို
ရှာဖွေတွေ့ရှိကြောင်း ကျေငြာထုတ်ပြန်ခဲ့ပါတယ်။ ထို ဂြိုလ်ကြီးဟာ ကမ္ဘာထက် ၃ဆ
ကြီးပြီး ကမ္ဘာနှင့် အလင်းနှစ် ၂ဝ မိုင် ကွာဝေးတယ်လို့ဆိုပါတယ်။
တွေ့ရှိခဲ့တဲ့ ကမ္ဘာသစ်ကြီးဟာ စကြာဝဠာထဲက Goldilocks ဇုန်လို့ ခေါ်တဲ့
နေရာမှာ ရှိပါတယ်။ ထိုနေရာမှာလည်း ပူခြင်း၊ အေးခြင်းနှင့် ပင်လယ်
မြစ်၊ချောင်းတွေ ရှိပါတယ်။ ထို့အပြင် ကမ္ဘာကြီးမှာ ရစ်ထားတဲ့
ဓါတ်ငွေ့တွေရှိသလို ထိုဂြိုလ်ကြီးကိုလဲ ရစ်ပါတ်ထားတဲ့
ဓါတ်ငွေ့တွေရှိနေခြင်း၊ ကမ္ဘာမြေကြီး ဆွဲငင်အား တူနေခြင်းတို့ကြောင့်
သက်ရှိသတ္တဝါများ နေထိုင်လို့ ရနိုင်ပါတယ်။ ထို့ကြောင့်လဲ နက္ခဗေဒ

သိပ္ပံပညာရှင်တွေက ယင်းဂြိုလ်ကြီးနဲ့ ပါတ်သက်ပြီး နဂါးငွေတန်း ထဲက
ကျွန်ုပ်တို့ ရဲ့ အနောက်ဥယာဉ်လို့ သုန်းနှုန်းဖော်ပြခဲ့ပါတယ်။ အထိုအဖွဲ့ဟာ
ကမ္ဘာနဲ့ တူတဲ့ ဂြိုလ်များကို ရှာဖွေနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ထိုဂြိုလ်ကြီးဟာ
လည်း စင်္ကြာဝဠာကြည့် မှန်ပြောင်းနဲ့ ကြည့်ပါက သေးသေး လေးသာ မြင်ရတဲ့ Gliese
581 ဆိုတဲ့ အလွန်ဝေးကွာတဲ့ အနီရောင်ဂြိုလ်တစ်လုံးကို လှည့်ပါတ်နေတာ
ဖြစ်ပါတယ်။ ကမ္ဘာနှင့်တူတယ်ဆိုတဲ့ ဂြိုလ်ကြီးကိုတော့ Gliese (g)
လို့နာမည်ခေါ်ပြီး ကမ္ဘာမှ မိုင်ပေါင်း ၁၁၈ဝဝဝဝဝဝဝဝဝဝဝဝ မိုင်(သို့)
အလင်နှစ်မိုင် ၂ဝ ထက်မက ပိုဝေးပြီးဝေးပါတယ်။ နောက်ဆုံးလေ့လာချက်များအရကတော့
Gliese 581 ကို ဂြိုလ် ၆ လုံး လှည့်ပါတ်နေတာဖြစ်ပါတယ်။




ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းနှင့် လှည့်ပါတ်ပုံ စနစ်ခြင်းတူနေပြီး အများအားဖြင့်တော့
စက်ဝိုင်း သဏ္ဍာန်ပါတ်လမ်းအတိုင်း လှည့်ပါတ်ကြတာ ဖြစ်ပါတယ်။
လူနေနိုင်လို့ရမယ်လို့ ယူဆရတဲ့ ဂြိုလ်နှစ်ခုကို Goldilocks Zone မှာ
အရင်ကတွေ့ခဲ့သော်လည်း ထိုဂြိုလ်များရဲ့ လှည့်ပါတ်မှု့များဟာ
အစွန့်ရောက်မှု့တွေကြောင့် အလွန်ပူခြင်း အလွန်ပူခြင်းဖြစ်နိုင်တဲ့
အနေအထားမှာရှိပါတယ်။ Gliese (g) ကတော့ ထိုနှစ်ခုရဲ့ အလယ်
မှာကျရောက်နေခဲ့တာဖြစ်ပါတယ်။ Gliese (g)ရဲ့ အချင်းဟာ ကမ္ဘာချင်းထက် ၁.၂ မှ
၁.၄ အထိရှိနိုင်သလို ကမ္ဘာနှင့် ဆွဲငင်အားဖြင်းတူတာကြောင့် Gliese
(g)ဂြိုလ်ပေါ်မှာ တောင်တန်းတွေ ရှိခဲ့ရင်လည်း ကျွန်တော်တို့ အခက်အခဲမရှိ
ဒီကမ္ဘာပေါ်မှာ လမ်းလျှောက်သလို တက်ရောက်လျှောက်လှမ်းလို့
ရနိုင်မှာဖြစ်ပါတယ်။ နက္ခတာယာ သိပ္ပံပညာရှင်တွေဟာ အရင်ကတွေ့ခဲ့တဲ့ Gliese 581
ပါတ်လည်မှာရှိခဲ့တဲ့ ဂြိုလ်ငါးလုံးကို b,c,e,d,f လို့နာမည်ပေးခဲ့ပြီး
အခုနောက်ဆုံး တွေ့ခဲ့တဲ့ Gliese 581(g)လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။
ဒုံးကျည်ရဲ့ အမြန်နှုန်းနဲ့ ထိုဂြိုလ်သို့သွားပါက နှစ် ၂ဝဝ ကြာမယ်ဖြစ်ပါတယ်။



အလင်းလို မြန်တဲ့ နှုန်းအတိုင်းသွားရင်တောင် နှစ် ၂ဝ ကြာမယ်ဆိုတော့လဲ
လောလောဆယ်နည်းပညာတွေနဲ့ လုံးဝစဉ်းစားလို့မရပေမဲ့ နောက်ပေါ်လာမဲ့
နည်းပညာတွေနဲ့ ဆိုဖြစ်နိုင်ကောင်းဖြစ်နိုင်မှာပါ။ ကျွန်တော်
စဉ်းစားမိတာတစ်ခုကတော့ ကမ္ဘာအပြင်ဖက် အာကာသထဲမှာ လေမရှိတဲ့အတွက်
ပွတ်တိုက်အားနဲ့ မီးလောင်မှုဆိုတာ မရှိနိုင်ဘူးလို့ ထင်ပါတယ်။
ထို့ကြောင့်လည်း အလွန်မြန်တဲ့ယာဉ်တွေတီထွင်ပြီး ကမ္ဘာအပြင်ဖက်မှာ
မောင်းနိုင်ကြမှာပါ။ အိုင်းစတိုင်ကတော့ လူတွေဟာ
အလင်းထက်မြန်အောင်သွားနိုင်ခဲ့ပြီးဆိုရင် မိမိတို့ရဲ့ အနာဂါတ်ကို
ကြိုပြီးသိနေလိမ့်မယ်တဲ့..

၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု


လာမည့် ၃ နှစ်အတွင်း နေမှ
ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး
ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က
သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း
ဆန်းသတင်းစာအရသိရသည်။


သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို
ပေါ်ပေါက်စေမည်ဟု ကြိုတင်ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ်
တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား
ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ
လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး
ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ
ထိခိုက်မှုများ ဖြစ်စေမည့်အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး
အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။


လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခုဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုးဖြစ်လာ မည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်ကမီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှုအဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှတဆင့်နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီးစေခဲ့ခြင်းဖြစ်သည်။
အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟော-လိဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင်ကြုံတွေ့ရဖွယ် ရှိနေပြီး
ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင်အဆိုပါ ကိစ္စနှင့်
ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။

ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြုပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန်
မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။

၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင်
မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင်
အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ
ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ
ထိုးတက်လာပြီး လေထုအတွင်းတွင်ဓါတ်ရောင်ခြည် မုန်တိုင်းများ
အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့်
လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည်
ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။

ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး
ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင်တစ်ခုလုံးတွင် သွေးရောင်
ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း
ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး
တိမ်တိုက်များမှာ မုန်တိုင်းများဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့်
လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက်
အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း
သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့်
အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန်သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ
နိုင်ငံရှိ Quebec လျပ်စစ်ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။



၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့်အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John
Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင်
နှင့်လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ
ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ်
သုံးစွဲခဲ့သည်။


မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူက-ီးယားလက်နှက်များပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး
ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။

Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့
ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ
ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။
ဟုအားပေးစကားလည်းပြောကြားခဲ့သည်။


လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့်
အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်မှုများကို အသေးစိတ်
ဆွေးနွေးခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ်Dr
Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ
သံလိုက်ဓါတ်များကကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ်
ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ
အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့
လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။ ဖြစ်စဉ်အရ အဖိုးတန်
ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး
ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက
ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ
အကြမ်းဖျင်းခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည်
ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တများနှင့်
နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက်
လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။


------------------------



အရွယ်တင် နုပျိုလှပစေဖို့



 
ကျွန်တော်တို့၏ သွင်ပြင်လက္ခဏာ အသားအရေအရောင်အဆင်းတို့ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး အခြေအနေဘယ်လောက်ကောင်းမွန်သလဲဆိုတာကိုဖော်ပြနေတတ်ပါတယ်။အရေပြားဟာဆိုရင်
လူ့ခန္ဓာကိုယ် ထဲသို့ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားပိုးမွှားများဝင်ရောက်မှုကို ကာကွယ်ပေးထားတဲ
့Barrier ကြီးတစ်ခု ဖြစ်ပါတယ်၊ ခြောက်သွေ့တဲ့အသားအရေဟာ အလွယ်တကူအက်ကွဲနိုင်ပြီး
ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများ ၀င်ရောက်ရန်လမ်းကြောင်းသဖွယ်ဖြစ်နေနိုင်ပါတယ်။ သို့သော် ကျန်းမာနေရင်တောင်မှ အသက်ကြီး လာတာနဲ့အမျှ
ကျွန်တော်တို့ ရဲ့ အသားအရေဟာ ရှုံ့တွ လာမယ်၊ အရောင်အဆင်း မွဲခြောက်လာပြီး လျော့တိလျောရဲ
ဖြစ်လာမယ်၊ဒါတွေဟာ သဘာဝတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီလိုဖြစ်ပေါ်လာမှုတွေကို
လျှော့ချလို့ရတဲ့  နည်းလမ်း တွေလည်း ရှိပါသေးတယ်။ အားလုံးသိတဲ့ အတိုင်း အောက်ဖော်ပြပါ ဗီတာမင်၅မျိုးဟာဆိုရင်
အိုးမင်း ရင့် ရော်ခြင်းကို နှေးကွေး စေရုံ သာမကကျန်းမာရေးကိုပါထောက်အကူပြုစေနိုင်ပါတယ်။

 
၁။ ဗီတာမင် အီး ( vitamin E )

 
vitamin E ဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေနိုင်တဲ့  အစွမ်းသတ္တိ အများကြီးရှိပါတယ်။၎င်းဟာ ဆိုရင် အဆီမှာပျော်ဝင်နိုင်တဲ
့ ဗီတာမင်မျိုးဖြစ်ပြီး vitaminE cream ၊ lotion များကို လိမ်းပေးပါက အသား အရေ မွဲခြောက်ခြင်း၊
အက်ကွဲခြင်းများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ထဲတွင်ရှိတဲ့ UVB(Ultraviolent B ray) ကို ကာကွယ်နိုင်တာကြောင့်
နေလှောင်ခံ ကရင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ vitamin E ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း
( anti-oxidant) ဖြစ်တဲ့ အတွက်လည်း ခန္ဓာကိုယ်အား ဆိုးကျိုးပေးသော Free radicals ခေါ်
ဓါတ်တိုးပစ္စည်းများကို လျော့နည်းစေပါတယ်။ Free radicals ဆိုတာကတော့ electron အစုံလိုက်မရှိတဲ့
မော်လီကျူးတွေ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကိုယ်ပိုင် electrons မပြည့်စုံတဲ့အတွက် တခြားသော
ဆဲလ်တွေဆီကနေ electron တွေကို ခိုးယူပါတယ်၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် တခြားဆဲလ်အကောင်းတွေဆီကို
အတင်းတွယ်ကပ်ပြီး ဓါတ်တိုးခြင်း (oxidation) ဖြစ်စဉ်ကို ဖြစ်စေပါတော့တယ်။ ဒါကြောင့်
free radical တွေဟာ တခြားဆဲလ်အကောင်းတွေ၊ တစ်ရှုးတွေကိုပါ ပျက်စီး စေတတ်တဲ့ မကောင်းတဲ့အရာဝတ္ထုတွေ
ဖြစ်ပါတယ်။ anti-oxidant မော်လီကျူးတွေကတော့ ၎င်းတို့မှာ များစွာရှိနေတဲ့ electron တွေကို
ထို free radical တွေကို ဝေမျှပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ free radical အရေအတွက်နည်းပါးသွားအောင်
စွမ်းဆောင်ပေးကြပါတယ်။


သင့်တော်တဲ vitamin E ပမာဏကိုစားသုံးခြင့်ဖြင့်
ခန္ဓာကိုယ်ထဲမှာ free radical တွေကြောင့် ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဒါသာမကသေးပါဘူး
vitamin E ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း စတဲ
့အချက်တွေနဲ့လည်း ပြည့်စုံ ပါသေးတယ်။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို
ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများကိုလည်း တားဆီးပေးပါတယ်။
vitamin E ပေါကြွယ်ဝတဲ့  အစားအစာတွေကတော့ အခွံမာအစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊
ထောပတ်သီး အစရှိတဲ့ အစိမ်းရောင် အသီးအရွက်တို့ဖြစ်ပါတယ်။

 
၂။ဗီတာမင် စီ (vitamin C )

 



Vitamin C ဟာလည်း anti-oxidant တစ်ခုဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ
နောက်ထပ် anti-oxidantတွေကိုပါ အသစ်ထပ်မံဖြစ်ပေါ်စေတတ်တဲ့ အစွမ်းရှိပါတယ်။ lotion အနေနဲ့ လိမ်းပေးပါကလည်း
UV rays ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှာဆိုရင်
collagen ဟာ အရေပြားကို ပုံဖော်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။ vitamin C ဟာ
collagen အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ အတွက် အသားအရေဟာ တင်းတင်းရင်းရင်းဖြစ်နေပြီး နုနယ်တဲ
့ပုံစံပေါက်သွားစေပါတယ်။ ဒါ့အပြင် ဒီတွယ်ဆက် တစ်ရှုး ဖြစ်တဲ့  collagen ဟာ အနာကျက်တဲ
့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အနာမြန်မြန်ကျက်စေဖို့အတွက်
vitamin C ကို သုံးစွဲနိုင်ပါတယ်။ vitamin C ကြွယ်တဲ့ အစားအစာတွေ ကတော့ စတော်ဘယ်ရီ၊
သံပုရာ အစရှိတဲ့ ချဉ်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ အာလူးနဲ့ တခြားသော အသီးအရွက်တွေပဲဖြစ်ကြပါတယ်။

 


၃။ ဗီတာမင် ကေ (vitamin K)


အသက်ကြိးလာတာနဲ့အမျှ မျက်လုံးရဲ့အောက်မှာ အညိုရောင် လျော့တိလျော့ရွဲ
အ၀ိုင်းပုံစံလေး ဖြစ်နေတာကို တွေ့ဖူးကြမှာပါ။ ဒီအ၀ိုင်းလေးကလည်း လူကို ပိုမိုရင့်ရော်တယ်ထင်စေရပါတယ်။
ဒီအ၀ိုင်းလေးဖြစ်ပေါ်စေတဲ့  အကြောင်းရင်းကတော့ များစွာရှိပါတယ်၊အသက်ကြီးလာရုံ၊ အိပ်ရေးပျက်ရုံနဲ
့တင်မကပါဘူး ဟော်မုန်းနဲ့  ဓါတ်မတည့်မှုနဲ့ မျိုးရိုးလိုက်မှုတွေကြောင့်လည်း ဒီလိုမျိုး
အ၀ိုင်းလေးဖြစ်ပေါ်စေတတ်ပါတယ်။ မျက်လုံး ပတ်ပတ်လည်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ထွက်မယ်ဆိုရင်လည်း
ဒီလို အ၀ိုင်းလေးမျိုး ဖြစ်စေတတ်ပါတယ်။ vitamin K ဟာ မျက်လုံးအောက်က သွေးကြောမျှင်လေးများပေါက်ထွက်ခြင်းကို
ကာကွယ်ပေးခြင်းဖြင့် အဲဒီလို အ၀ိုင်းမျိုးမဖြစ်အောင် အပြည့်အ၀မဟုတ်ပေမယ့် အနည်းငယ်မျှ
တားဆီးပေးနိုင်တယ်လို့ သုတေသီတို့က ယူဆကြပါတယ်။ vitamin K ဟာ အသက်ကြီးလာလို့ အရိုးများ
မသန်စွမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစာလမ်းကြောင်းရှိ
ဘက်တီးရီးယားများကနေ vitamin K ကိုထုတ်လုပ်နိုင်စွမ်းရှိပါတယ်။
vitamin K ကြွယ်ဝတဲ့  အစား အစာတွေကတော့ ဆလတ်ရွက်၊ brocoli ခေါ် ပန်းမုန်လာအစိမ်းတို့
ဖြစ်ပါတယ်။

 


၎။နိုင်ရာစင် (Niacin)



Vitamin B3 တစ်ခုဖြစ်တဲ့နိုင်ရာစင်ဟာဆိုရင်လည်း အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေး ပါတယ်။ နိုင်ရာစင်ဟာ အသားအရေကို စိုပြေစေပါတယ်။ စိုပြေနေတဲ့ အသားအရေဟာ ကျန်းမာသန်စွမ်း
နုပျိုနေရုံတင်မကပါဘူး၊ အသားမွဲခြောက်လို့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မ၀င်အောင်လည်း
ကာကွယ်ပေးနိုင်ပါတယ်။ နိုင်ရာစင် ဓါတ် လျော့နည်းနေခြင်းကြောင့် အသားအရေမွဲခြောက်နေတတ်ပါတယ်။နိုင်ရာစင်ဓါတ်ဟာ အရေပြားရှိဆဲလ်အသေများကိုကွာကျစေပြီး ဆဲလ်အသစ်များကို အရေပြား မျက်နှာပြင်ပေါ်သို့ ရောက်ရှိစေပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်အတွက်
ကောင်းမွန်တဲ့  HDL ကိုလက်စထရောကို များစေနိုင်တဲ့ အတွက် သွေးကြောနံရံမှာ အဆီစုပြီး သွေးကြောကျဉ်းစေတာကိုကာကွယ်ပေးပါတယ်။ နိုင်ရာစင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး ကလီစာများ၊ ကြက်ဥ၊ မြေပဲနဲ့ပေါင်မုန့်တို့ပဲ ဖြစ်ပါတယ်။

၅။ဗီတာမင် အေ (vitamin A)


vitamin A cream ဟာဆိုရင် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးတာကို
ကယ်ကွယ်ပေးပါတယ်။ anti-oxidant အနွယ်ဝင် vitamin A ဟာဆိုရင် အရေပြား ရှုံ့တွခြင်း၊ အရေးအကြောင်းများပေါ်ခြင်းကို
ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ညအခါအမြင်ေ၀၀ါးခြင်း(ကြက်မျက်သင့်ခြင်း)နှင့် အသက်ကြီး၍ အရိုးပွခြင်း
ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ခန္ဓာကိုယ်အတွင်း vitamin A ပမာဏ
လွန်ကဲပါကလည်း အရိုးကျိုးလွယ်စေ တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ထက်ပမာဏထက်ပိုလျှံပါက
ဘေးဥပဒ်ဖြစ်စေတဲ့ အတွက် မိမိသဘောနဲ့ မိမိ vitamin A ဆေးဝါးများ မှီဝဲခြင်း မပြုလုပ်သင့်ပါဘူး။
viamin A ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ ၊ဟင်းနုနွယ်နှင့် အစိမ်းရင့်ရောင်ရှိ
ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်ဥအနှစ်နဲ့ အသဲတို့ ဖြစ်ပါတယ်။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အထက်ပါ ဗီတာမင် ၅မျိုးကို နေ့စဉ်စားသုံးတဲ့  အစားအစာတွေကနေ ရရှိနိုင်ပါတယ်။လိုအပ်မယ်ဆိုရင်လည်း ဖြည့်စွက်ဆေးဝါးများက
အထောက်အက ပြုနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း free radical တွေများပြားစေနိုင်တဲ့
ဆေးလိပ် သောက်ခြင်း၊ လေထုညစ်ညမ်းသော နေရာများနှင့် ဓါတ်ရောင်ခြည်သင့်သော နေရာများကို
ရှောင်ရှားပါ။ အပူရှိန်ပြင်းသော နေရောင်အောက်သွားသောအခါ ထီး၊ဦးထုပ် အကာအကွယ်သုံးပါ၊
နေရောင်ဒဏ်ကာကွယ်နိုင်သော SPF cream များကို အသုံးပြုပါ။ ဒေါသတရား ရှေ့မထားပါနှင့်။
စိတ်ထောင်းတော့  ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုဆိုသလို မေတ္တာတရားပွါးများပြီး stress
နည်းပါးအောင် နေထိုင်မယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါကြောင်း
ရေးသား လိုက်ရပါတယ်ခင်ဗျာ။

No comments: