Blog Title

Monday, September 6, 2010

Burmese Funny (Kolpao Nui Boom )

Download Zawgyi Font (Here)

အီးမေးထဲမှ ဟာသများ (၂)

Sunday, 05 September 2010 06:19 Thet Thet Tun .မယားဓါတ်ပုံ


မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။ မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
"ဒီထက်ဆိုးတဲ.  အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို.


နောင်တ
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။ "ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့  မှားဖြတ်မိတယ်၊ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့  ထပ်ဖြတ်ပေးမယ်…အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "


အမေတာဝန်ယူတယ်

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊ ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "


မှန်လိုက်လေ

လင်မယားနှစ်ယောက် စကားပြောနေကြရာ
မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"
ယောက်ျား " မင်းတို့ မိန်းမတွေကရော"
မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော ပါးစပ်ကပဲ ပြန်ထုတ်တာ"

ကယ်တင်ရှင်

ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည် ပထမနေ့…အပျံစားသဘော်ဖြစ်သည်။
သဘော်ပေါ်ရှိယောက်ျားများတွင် captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်
ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။
တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။
စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။
ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။

မင်းကြောင့်

လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသဘော်သားများအား ပောာပြောပွဲလုပ်သည်လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ မင်းသား မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်းအားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး သဘော်သားများက တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသည်
ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ အိမ်ကမိန်းမကို တစ်ခါမှသစ္စာမဖောက်ဖူးဘူး" ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ တတိယနေရာရောက်နေတာပေါ့ကွ" ပာု မကျေမနပ်ပြန်ပြောကြလေသည်…






No comments: